အမေရိကန်ပြည်ထောင်စု ရုဒ်အိုင်လန်ပြည်နယ်တွင် ပစ်ခတ်မှုဖြစ်ပွား သုံးဦးဒဏ်ရာရ

၂၀ ဒီဇင်ဘာ

အမေရိကန်ပြည်ထောင်စု ရုဒ်အိုင်လန်ပြည်နယ် ဝပ်စလီး မြို့တွင် ယမန်နေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုအာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် Babcock Village တိုက်ခန်းများဖြစ်သော အဆင့်မြင့်လူနေအဆောက်အဦ တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Kristina Murray က CNN ကို ပြောကြားခဲ့သည်။

 

a

 

ရုဒ်အိုင်လန်ပြည်နယ်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ နည်းဗျူဟာဆိုင်ရာ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်ဟု Murray က ဆိုသည်။

သတိပေးစာ နောက်ထပ်ရောက်ရှိသည့်အချိန်ထိတိုင်အောင် စာသင်ကျောင်းများအားလုံးကို ပိတ်ထားကြောင်း ဝပ်စလီးမြို့အများပြည်သူစာသင်ကျောင်းများက ဆိုသည်။

 

a

 

ရုဒ်အိုင်လန်ပြည်နယ် ရှိ ဝပ်စလီးမြို့သည် လူဦးရေ ၂၃၀ဝ၀ ခန့်နေထိုင်သော ကမ်းခြေမြို့လေးတစ်မြို့ ဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို