အမေရိကန်နိုင်ငံက တရုတ်အပေါ် စည်းကြပ်ခွန် တိုးမြှင့်အစီအစဉ် ကြန့်ကြာဖွယ်ရှိ

ဒီဇင်ဘာလ ၁၅ရက်နေ့တွင် စတင်မည့် တရုတ်နိုင်ငံသွင်းကုန်များအပေါ် အမေရိကန်ပြည်ထောင်စု၏ အခွန်ကောက်ခံမှုနှုန်းသစ်ကို အမေရိကန်နှင့် တရုတ်စေ့စပ်ညှိနှိုင်းသူများက အချိန်ဆွဲလျက်ရှိသည်ဟု ဆိုသည်။

 

သတ်မှတ်ရက်မရောက်မီ အတိအကျ သဘောတူညီမှုမရနိုင်ရင်တောင် ၎င်းတို့မှာ ဆက်လက်ဆွေးနွေးနိုင်ကြောင်း The Wall Street Journal က ပြောကြားခဲ့သည်။

 

စမတ်ဖုန်းနှင့် အဝတ်အထည်ကဲ့သို့ ဒေါ်လာ ၁၆၀ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် နောက်ထပ် အခွန်ကောက်ခံမည်ဟု ထရန့်က ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။

 

နှစ်နိုင်ငံအကြား အပေးအယူ သဘောတူညီမှုမျာ မဖြစ်လာနိုင်သေးပေ။ တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စု၏ လယ်ယာထွက်ကုန်များကို မည်မျှဝယ်ယူမည်ကို မသိရသေးပေ။ အခွန်ဖယ်ရှားရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံကွဲလွဲမှုများလည်း ရှိနိုင်မည်ဖြစ်သည်။

 

ထရန့်သည် စီစဉ်ထားသည့် အခွန်တိုးမြှင့်ကောက်ခံမှုနှင့်ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို မချနိုင်ဖြစ်နေကြောင်း US newspaper က ဖော်ပြခဲ့သည်။

 

mdn

 

အခွန်အကောက်ကိစ္စများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးကြောင်း ယမန်နေ့က အိမ်ဖြူတော်၏ စီးပွားရေးအကြံပေးဖြစ်သူ လယ်ရီကူးလို့စ်က ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် ရက်အနည်းငယ်အတွင်း အကောက်ခွန်နှုန်းတိုးမြှင့်မှုနှင့် ပတ်သက်ပြီး စီးပွားရေးအပေါ်မည်သို့ အကျိုးသက်ရောက်နိုင်မည်ကို လေ့လာသူများက စောင့်ကြည့်နေသည်ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်