အမေရိကန်နာမည်ကြီး ကားစက်ရုံ Chrysler တည်ထောင်သူ Lee Iacocca  အသက် ၉၄ နှစ်  ကွယ်လွန်

၃ ဇူလိုင်

၁၉၈၀ ခုနှစ်တွင် အမေရိကန်နာမည်ကြီး ခရိုင်စလာ  ကားစက်ရုံ  တည်ထောင်သူ Lee Iacocca သည် အသက် ၉၄ နှစ်အရွယ်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Iacocca သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက် ဖို့ဒ် ကားကုမ္ပဏီသို့ စတင်ဝင်ရောက် ပြီးနောက် အော်တိုကားထုတ်လုပ်သည့် ကုမ္ပဏီ ကြီး ၃ ခု သို့ ဝင်ရောက်ခဲ့သည်။

 

mdn

 

ထို့နောက် Iacocca သည် Chrysler ကားစက်ရုံသို့ ပြောင်းရွှေ့ခဲ့သည်။ ဂျပန်ကားထုတ်လုပ်သူများမှ ယှဉ်ပြိုင်မှုပြင်းထန်လာသဖြင့် ၁၉၈၀ ခုနှစ်တွင် ထိုကားစက်ရုံမှာ ကြိုးစားရုန်းကန်လှုပ်ရှားခဲ့ရသည်။ အသေးစား နှင့်အလတ်စား ကားများ ထုတ်လုပ်မှုချဲ့ထွင်ကာ Chrysler ကားစက်ရုံကို ပြန်တည်တည်ဆောက်ခဲ့သည်။

Iacocca သည်  အော်တိုကားစက်မှုလုပ်ငန်းတွင်  အထင်ကရ ပုဂ္ဂိုလ်တစ်ဦးအဖြစ် မကြာခဏ ရည်ညွှန်းပြောဆိုခံရသည်။ ဂျပန်နိုင်ငံရှိ စီးပွားရေးသမားများက ၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုခဲ့ကြသည်။

Lee Iacocca သည် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ သူ၏ နေအိမ်တွင် ယမန်နေ့က ကွယ်လွန်ခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းတွင်ဖော်ပြထားသည်။ ပါကင်ဆန်ရောဂါ မှတစ်ဆင့် ထပ်တိုးလာသော ရောဂါသစ်ဖြင့် Lee Iacocca သေဆုံးခဲ့သည် ဟု သိရသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို

 

mdn