အမေရိကန်အိုးပင်းတင်းနစ်ချန်ပီယံဆုဖလားကို ကာကွယ်ဖို့ ရုရှားနည်းပြ ဒီမီထရီတာဆူနော့ဗ်နဲ့ လေ့ကျင့်မယ့် အမ်မာရာဒူကာနူ

လက်ရှိ အမေရိကန်အမျိုးသမီးတစ်ဦးချင်း တင်းနစ်ချန်ပီယံ အမ်မာရာဒူကာနူဟာ လာမယ့်လအတွင်းမှာ ကျင်းပမယ့် အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ဖို့ ရုရှားနည်းပြ ဒီမီထရီတာဆူနာ့ဗ်နဲ့ လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တာဆူနာ့ဗ်ဟာ ကမ္ဘာ့အမျိုးသားတင်းနစ်လောကရဲ့ အဆင့်(၂၀)နေရာမှာ ရပ်တည်ခဲ့ဖူးတဲ့ တင်းနစ် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းက တင်းနစ်လောကကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်တင်းနစ်မယ် အမ်မာရာဒူကာနူဟာ နယူးယောက်မြို့မှာကျင်းပမယ့် အမေရိကန် အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်မီအတွင်း ကနေဒါအိုးပင်းနဲ့ စင်စင်နတီပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကစားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ငွေကြယ်