အမေရိကန် ရေတပ်  တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှူးတစ်ဦး သေဆုံး

၂ သြဂုတ်

 

အမေရိကန်ရေတပ်က လော့စ်အိန်ဂျယ်လိ်စ်မြို့ မြောက်ဘက် ၃၈၀ ကီလိုမီတာ အကွာ အမျိုးသားဥယျာဉ် ချိုင့်ဝှမ်းတွင် ဗုဒ္ဓဟူးနေ့ က တိုက်လေယာဉ်တစ်စီးပျက်ကျခဲ့သဖြင့် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။

 

အက်ဖ်အေ -၁၈ အီး (FA-18E) တိုက်လေယာဉ်ပျက်ကျသောကြောင့် ၎င်းလေယာဉ်မှူးသေဆုံးခဲ့ကြောင်း  ထို ရေတပ်က အတည်ပြုပြောဆိုခဲ့ပြီး ကာကွယ်ရေးဦးစီးဌာန၏ မူဝါဒနှင့်အညီ ယင်းလေယာဉ်မှူးမည်သူမည်ဝါ ဖြစ်ကြောင်း ကို ၂၄ နာရီအတွင်း ထုတ်ပြန်ပြောဆိုမည်မဟုတ်ဟု အမေရိကန် ရေကြောင်း၊ လေကြောင်း တပ်ဖွဲ့များက ပြောကြားခဲ့သည် ဟု တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

 

အမျိုးသားဥယျာဉ်ဌာနမှ  ပြောကြားချက်အရ ယင်းလေယာဉ်ပျက်ကျမှုကြောင့် ခုနှစ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ထိုနေ့မနက်ပိုင်းက  လေယာဉ်လေ့ကျင့်ပျံသန်းနေစဉ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို