မအူပင် ၂၃ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် YMCA Myanmar က ဦးဆောင်သည့် အခွင့်အလမ်း နည်းပါးသော လူငယ်များဘဝမြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု စိမံကိန်း အခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက အဖွင့်စကားပြောကြားပြီး စီမံကိန်းမန်နေဂျာ ဦးဌေးဝင်းရွှေ နယ်မြေခံမန်နေဂျာ နော်သဲလ်မာကျော်၊ စီမံကိန်းတွင်ပါဝင်ဆောင်ရွက်သူ နော်ကပေါစေးနှင့် လူမှုကယ်ဆယ်ရေးဦးဝင်းဌေးတို့က အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော လူငယ်များ၏ ဘဝများကို အသိပညာ၊ အတက်ပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန် ပြည်သူများဘဝမြှင့်တင်ရေးစီမံကိန်းကို ဆောင်ရွက်ပေးကြောင်းရှင်းလင်းရာ တက်ရောက်လာသူများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးပါသည်။
အခမ်းအနားသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များ၊ စိတ်ဝင်စားသူပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)