အကယ်ဒမီအတွက် ကြယ်ပွင့်များတွေ့ဆုံ

ဟောလိဝုဒ်ရုပ်ရှင်လောကသားတွေ ရင်ခုန်စောင့်မျှော်နေတဲ့ အော်စကာဆုပေးပွဲကြီးဟာ အတော်လေး နီးကပ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆုပေးပွဲမတိုင်မီ ကြယ်ပွင့်တွေရဲ့ တွေ့ဆုံပွဲကို လတ်တလောမှာ ပြုလုပ်ခဲ့ရာမှာတော့ ပေါ့ပ်ကြယ်ပွင့်လေဒီဂါဂါဟာ လူပြောများတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ အော်စကာအကြို ကြယ်ပွင့်တွေ တွေ့ဆုံပွဲ ကျင်းပခဲ့ရာမှာတော့ ကျော်ကြားတဲ့ကြယ်ပွင့်တွေ စုံစုံလင်လင်တက်ရောက်ခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ကြယ်ပွင့်တွေဟာ အော်စကာရုပ်တုနဲ့အတူအမှတ်တရဓာတ်ပုံတွေလည်း ရိုက်ကူးခဲ့ကြပါတယ်။ ဒီဓာတ်ပုံကို တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြခဲ့ရာ မှာတော့ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါဟာ အများကြားမှာ ထင်ပေါ်သူတစ်ဦးဖြစ်တာကို တွေ့ခဲ့ရပါတယ်။ ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး ပရိသတ်တွေက ဝေဖန်ရေးသားဖော်ပြခဲ့ကြရာမှာတော့ အများစုဟာ လေဒီဂါဂါအကြောင်း ပြောကြားခဲ့ကြတာကိုတွေ့ရတယ်လို့ သိရပါတယ်။

ယခုနှစ်ရဲ့ (၉၁)ကြိမ်မြောက် အော်စကာဆုပေးပွဲကိုတော့ လာမယ့်ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ABC ရုပ်သံလိုင်းမှလည်း ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်