အကြမ်းဖက်မှုကျူးလွန်ရန်ကြိုးစားသူ သုံးဦး ကို သြစတြေးလျ ရဲအဖွဲ့ ဖမ်းဆီး

၃ ဇူလိုင်

ဆစ်ဒနီ မြို့တော်တွင် ပစ်မှတ်အမျိုးမျိုးကို တိုက်ခိုက်ရန် အကြမ်းဖက်မှုကျူးလွန်ရန်ကြိုးစားသူ သုံးဦးကို သြစတြေးလျ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ရဲအဖွဲ့နှင့် ထောက်လှမ်းရေး အာဏာပိုင်များက ဆစ်ဒနီမြို့ဆင်ခြေဖုံးများရှိ သံသယရှိသူများ၏ နေအိမ်များအပါအဝင် နေရာ ခြောက်နေရာကို ယမန်နေ့က ရှာဖွေခဲ့ကြသည်။ ၎င်းရဲအဖွဲ့သည် အသက် ၂၀၊ ၂၃ နှင့် ၃၀ နှစ်အရွယ်အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့ကြသည်။ ယင်းသုံးဦးအနက် လူငယ်နှစ်ဦးမှာ အစ္စလာမ့်နိုင်ငံတော်စစ်သွေးကြွအုပ်စု အဖွဲ့ဝင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆသည်။

 

mdn

 

စုံစမ်းစစ်ဆေးသူများက အသက် ၂၀ နှစ်အရွယ်အမျိုးသားသည် အခြား နှစ်ဦး နှင့်အတူ ပူးပေါင်းကာ  ရဲစခန်းများ၊ သံရုံးများ နှင့် အခြားသောနေရာများကို တိုက်ခိုက်ရန် ကြံစည်နေသည်ဟု ထင်မြင်ယူဆကြသည်။ အသက် ၂၀ အရွယ်အမျိုးသားသည် လက်ဘနွန်နိုင်ငံတွင် နေထိုင်ခဲ့ပြီး အစ္စလာမ့်နိုင်ငံတော်စစ်သွေးကြွများနှင့် အတူ အာဖဂန်နစ္စတန်တွင် တိုက်ခိုက်ရန် ကြိုးပမ်းအားထုတ်နေခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား သုံးဦးသည် တစ်ဦးချင်းစီ တွေ့ဆုံကာ လူမှုမီဒီယာမှ တစ်ဆင့် အစွန်းရောက်အတွေးအခေါ်များကို မျှဝေခဲ့သည်ဟု ရဲအဖွဲ့က ဆိုသည်။

 

mdn

 

အကြီးတန်းရဲအရာရှိတစ်ဦးက ထိုနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်ရန် ကြိုးစားသူများ ရှိနိုင်သေးကြောင်း ပြောဆိုကာ အများပြည်သူ ဘေးကင်းလုံခြုံရေးသည် ရဲတပ်ဖွဲ့၏ အထူးဦးစားပေးလုပ်ငန်းဖြစ်သည်ဟု ထပ်လောင်းပြောဆိုသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn