အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်)သင်ရိုးများ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၃၀

 

အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်)သင်ရိုးများ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ၂၀၂၄ ခုနှစ်တွင် Grade 12 အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်တွင် အဆင့်မြင့်ပညာသင်ယူရာတွင် Grade 12 အထိ သင်ယူခဲ့သော သင်ရိုးညွှန်းတမ်းများ အပေါ်အခြေခံပြီး တက္ကသိုလ် သင်ရိုးညွှန်းတမ်းများကို ချိတ်ဆက် သင်ကြားပေးနိုင်ရေးအတွက် ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း၊ Grade 12 သင်ရိုးညွှန်းတမ်းနှင့် ချိတ်ဆက်၍ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် ကျောင်းသား၊ကျောင်းသူများတတ်မြောက် အောင်သင်ကြားပေးနိုင်ရေးအတွက် အကြံပြုဆွေးပေးကြစေလိုပါကြောင်း၊ သဘာဝတူညီသော တက္ကသိုလ်များအနေဖြင့် သင်ရိုးညွှန်းတမ်းနှင့် ဘွဲ့သင်တန်း ကာလသတ်မှတ်မှုတွင် ညှိနှိုင်းဆောင် ရွက်ကြစေလိုပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဘာသာရပ်ပါမောက္ခများ၊ တက္ကသိုလ် ပါမောက္ခချုပ်များ၏ ဆွေးနွေးဆုံးဖြတ်ချက်များကိုစုစည်းကာ သက်ဆိုင်ရာကော်မတီသို့ တင်ပြပေးကြ စေလိုပါကြောင်း၊ တက္ကသိုလ်များမှ အရည်အချင်း ရှိသော ပညာတတ်များမွေးထုတ် ပေးရန် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)