နေပြည်တော် မတ် ၃

 

အခြေခံ အင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟို ဌာန၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဒေါ်သင်းသင်းဇင် က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေဦးက အခြေခံ အင်္ဂလိပ်စာသင်တန်းနှင့် အခြေခံ ပန်းချီရေးဆွဲနည်း သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

 

ထို့နောက် Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမ ဒေါ်ထူးထိုက်ထိုက်ထွန်းက အခြေခံ အင်္ဂလိပ်စာသင်ခန်းစာ ပို့ချမှုနှင့် Diamond Star ကိုယ်ပိုင် အထက်တန်းကျောင်းမှ သင်တန်း နည်းပြဆရာ ဦးဆုလာဒ်ပိုင်က အခြေခံ ပန်းချီရေးဆွဲနည်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 

အဆိုပါ အခြေခံအင်္ဂလိပ်စာ သင်တန်းနှင့် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ် ၃ ရက်မှ ၃၁ ရက်အထိ Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် Diamond Star ကိုယ်ပိုင် အထက်တန်းကျောင်းမှ သင်တန်းနည်းပြ ဆရာ ဆရာမများက သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။

 

အောင်သူရဦး(ဒက္ခိဏ)