အခြေခံအဆောက်အအုံတွေ ပြည့်စုံကြွယ်ဝမှသာလျှင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်

နေပြည်တော် ၁၉ ဇန်နဝါရီ

တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါ်စံဝင့်ခိုင်က “ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးအတွက် အခြေခံအဆောက်အအုံတွေ ပြည့်စုံကြွယ်ဝ မှသာလျှင် ကျွန်မတို့ တိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်၊ အမျိုးမျိုးသော အခြေအနေအရ အခု မှပဲ လုပ်ဖြစ်ပါတယ်။”

“အခုဖိုရမ်ကို လာရောက်ရတာကလည်း ပအိုဝ်းလူမျိုးတွေအတွက် ရှေ့ဆက်လက် ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် စွမ်း ဆောင်နိုင်မလဲဆိုပြီးတော့ အကြံဉာဏ်တွေ ယူဖို့လာတာဖြစ်ပါတယ်၊ ကျွန်မတို့အတွက် ဗဟုသုတတွေ၊ ဖွံ့ဖြိုးဖို့နည်းလမ်း ကောင်းတွေ ကျွန်မတို့ဒေသကို ပြန်လည်ယူဆောင်သွားပြီး ပအိုဝ်းတိုင်းရင်းသားတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင် သွားမှာပါ”ဟု ပြောကြားခဲ့သည်။

MDN