အိပ်ရာထဲဆေးလိပ်သောက်ရာမှ  မီးလောင်ပြီး လူတစ်ဦးသေဆုံး

ဝက်လက်   ၁၇    ဇွန်  


စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  ဝက်လက်မြို့ အမှတ်(၃) ရပ်ကွက် ရွှေအိုးတွင်းရပ်တွင်  ဇွန် ၁၇ ရက်  နံနက် ၆ နာရီ  ခွဲက အိပ်ရာထဲ ဆေးလိပ်သောက်ရာမှ  မီးလောင်မှုဖြစ်ပွားခဲ့၍  လူတစ်ဦးသေဆုံးခဲ့ကြောင်း   သိရသည်။


မီးလောင်မှုဖြစ်စဉ်မှာ အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ ဦးဖိုးဆန်းသည် အရက်အလွန်အကျွံသောက်၍ အိပ်ရာထဲတွင် ဆေးလိပ်သောက်ရာမှ ထန်းရွက်မိုး ထန်းလက်ကာ မြေစိုက်တဲသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းပါ မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။ 


မီးလောင်မှုအား ကျေးရွာနေပြည်သူ သုံးဦးမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ  မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး ဝက်လက်မြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။


မိုးသောက် (ရွှေဘို)