အိန္ဒိယတွင် မိုးသက်မုန်တိုင်းတိုက်ခတ်မှုနှင့်မိုးကြိုးပစ်မှုကြောင့် လူ ၂၆ ဦး သေဆုံး

၃ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ယမန်နေ့က မိုးသက်မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်မှုကြောင့် လူ ၂၆ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

 

 

ထိုပြည်နယ်တွင် ဇွန် ၃၀ ရက်နေ့ကလည်း အလားတူ ဖြစ်ရပ်ကြောင့် လူ ၁၁ ဦး သေဆုံးခဲ့သည်။

 

 

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ယင်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့်  လူ ၈၃ ဦး သေဆုံးခဲ့သည်။

 

 

ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများက ယင်းသို့သေဆုံးသူများသည် မိုးကြိုးပစ်ချိန်တွင် သစ်ပင်များအောက်မိုးခိုနေသူများ ( သို့မဟုတ်) ၎င်းတို့၏ လယ်ကွင်းများ လုပ်ကိုင်နေသူများ ဖြစ်သည်ဟု ဆိုသည်။

 

 

မိုးသက်မုန်တိုင်း တိုက်ခတ်ချိန်နှင့် မိုးကြိုးပစ်မှု ဖြစ်ပွားချိန်များတွင် အပြင်ထွက်ခြင်းကို ရှောင်ရှားရန်နှင့် ရာသီဉတုဆိုးရွားနေချိန်အတွင်း ဂရုစိုက်ကြရန် ပြည်သူများအား ဝန်ကြီးချုပ်က ဇူလိုင် ၁ ရက်နေ့က မေတ္တာရပ်ခံပြောကြားခဲ့သည်။

 

 

ရာသီဉတု ဆိုးရွားသည့် အခြေအနေများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးမှ ထုတ်ပြန်သည့် ကြိုတင်ကာကွယ်ရေး အစီအမံများကို တင်းကြပ်စွာ လိုက်နာရန်လည်း ပြည်သူများအား တိုက်တွန်းပြောကြားခဲ့သည်။

 

 

အိန္ဒိယသည် လက်ရှိ အခြေအနေတွင် အနောက်တောင်မုတ်သုံလေ တိုက်ခတ်မှုနှင့် ဒေသအများစုတွင် မိုးသည်းထန်စွာရွာသွန်းမှုတို့ တွေ့ကြုံနေရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို