အိန္ဒိယနိုင်ငံ၌ ဓာတုစက်ရုံမီးလောင်မှုကြောင့် ငါးဦးသေဆုံး

မတ် ၂၅

အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျတ်စသန်ပြည်နယ်တွင် မတ် ၂၃ ရက်ညနေပိုင်းက ဓာတုစက်ရုံတစ်ခုအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ငါးဦးထက်မနည်းသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့သည်။ အဆိုပါမတော်တဆမှုသည် ပြည်နယ် မြို့တော် ဂျေပါအနီး ဘတ်စီဒေသရှိ ရှာလီမာဓာတုစက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံရှိ ဘွိုင်လာအိုးများအနက် ဘွိုင်လာအိုးတစ်လုံးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ထိုဓာတုစက်ရုံတွင် အလုပ်လုပ်ကိုင်နေသောအလုပ်သမားများ ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို