အိန္ဒိယနိုင်ငံက ရေကြီးမှုတွေကြောင့် လူ ၂၀ဝ ကျော်သေဆုံး

၁၃ သြဂုတ်

အိန္ဒိိယနိုင်ငံ အနောက်ပိုင်းနဲ့ တောင်ပိုင်းကမ်းရိုးတန်း ဒေသများတွင် မိုးသည်းသည်းမည်းမည်းရွာသွန်းပြီး ရေကြီးမှုတွေကြောင့် သေဆုံးသူ ၂၀၂ ဦးအထိ ရှိလာကြောင်း၊  ရေဘေးဒဏ်ခံနေတဲ့သူ ၁.၂ သန်းကိုလည်း ယာယီစခန်းတွေဆီ ရွှေ့ပြောင်းပေးထားရကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။

 

158

 

တောင်ပိုင်းရှိ ကာလာယာပြည်နယ်ဟာ ခရီးသွားတွေနဲ့ စည်ကားတဲ့နေရာပြီး နှစ်တစ်ရာအတွင်းမှာ အဆိုးဆုံးဖြစ်တဲ့ ရေကြီးမှုကတော့ မနှစ်ကဖြစ်ခဲ့ပြီး အဲဒီပြည်နယ်တစ်ခုတည်းမှာ လူပေါင်း ၄၅၀ သေဆုံးခဲ့ပါတယ်။

 

155

 

အခုနှစ် ရေကြီးမှုမှာတော့ အဲဒီပြည်နယ်မှာ လူပေါင်း ၈၈ ဦး သေဆုံးပြီး ၄၀ ပျောက်ဆုံးနေကြောင်း၊ လူပေါင်း ၂၅၀ဝ၀ဝ ကိုလည်း ယာယီစခန်းမှာ ရွှေ့ပြောင်းပေးထားပါတယ်။

 

128

 

အိမ်နီးချင်း ကာနတ်တာက ပြည်နယ်မှာတော့ သေဆုံး ၄၈ ဦးနဲ့ ပျောက်ဆုံးသူ ၁၆ ဦး၊ လူပေါင်း ၆၇၇၀ဝ၀ ဦးကို နေရာရွှေ့ပြောင်းထားရပါတယ်။ လာမယ့် ၂၄ကနေ ၄၈ နာရီအတွင်း ရေပြန်ကျသွားဖို့ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

 

129

 

ဂူဂျာရတ်နဲ့ မဟာရာရှတာ ပြည်နယ်တွေမှာတော့ သေဆုံးသူ ၆၆ ဦး ရှိပြီး သိန်းချီတဲ့လူတွေကို နေရာရွှေ့ပြောင်းပေးထားရကြောင်း ဒေသတွင်း သတင်းတွေမှာ ရေးသားထားပါတယ်။

ခြောက်သွေ့လွန်းတဲ့ အိန္ဒိယနိုင်ငံအတွက် မိုးရာသီဟာ အရေးတကြီးလိုအပ်ပေမယ့် မိုးသည်းသည်းမည်းမည်းရွာသွန်းပြီး ရေလျှံတဲ့အတွက် နှစ်စဉ်ရာချီပြီး သေဆုံးလေ့ရှိပါတယ်။

MDN
ကိုးကား - AFP