အိန္ဒိယမြောက်ပိုင်းတွင် မိုးကြိုးပစ်ခတ်မှုကြောင့် လူ ၁၀ဝ ကျော် သေဆုံး

၂၆ ဇွန်

 

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်နှစ်ခုတွင် မကြာသေးမီ ရက်ပိုင်းအတွင်း မိုးကြိုး ပစ်ခတ်မှုများကြောင့် လူပေါင်း ၁၀ဝ ကျော် သေဆုံခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

 

မိုးကြိုးပစ်မှုများကြောင့် လူ ၈၃ ဉီး သေဆုံးခဲ့ပြီး နောက်ထပ် ဒဏ်ရာရရှိသူ ၂၀ မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဘီဟာပြည်နယ် ဘေးအန္တရာယ် စီခံခန့်ခွဲရေး အဖွဲ့က ပြောကြားခဲ့သည်။

 

 

ဉဒရာပရာဒေ့ရှ် ပြည်နယ်တွင် ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

 

အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  လျှပ်စီးမိုးကြိုးများ ဖြစ်ပွားလေ့ရှိသည်။

 

 

မိုးကြိုးမုန်တိုင်းများကြောင့် သစ်ပင်များနှင့် အိမ်ရာအဆောက်အဉီများမှာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

 

 

၂၀၁၈ ခုနှစ် အတွင်းက အိန္ဒိယနိုင်ငံတွင် မိုးကြိုးပစ်ခံရသဖြင့် လူပေါင်း ၂၃၀ဝ ကျော် သေဆုံးခဲ့ပြီး မှတ်တမ်းများအရ ၂၀ဝ၅ ခုနှစ်မှစပြီး နှစ်စဉ် မိုးကြိုးပစ်ခံရမှုကြောင့် အနည်းဆုံး လူ ၂၀ဝ၀ သေဆုံးမှု ဖြစ်ပေါ်ခဲ့ရသည်ဟု ဆိုသည်။

 

 

သေဆုံးမှုအမြောက်အများကြောင့်ဖြစ်ရသည့်အကြောင်းရင်းတစ်ခုမှာကမ္ဘာ့အခြားဒေသများနှင့်နှိုင်းယှဉ်လျှင်အိန္ဒိယတွင်အိမ်ပြင်တွင်အလုပ်လုပ်သောလူအများအပြားနေခြင်းကြောင့်ဖြစ်သည်။

 

 

၂၀၁၈ ခုနှစ် အတွင်းက အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ၁၃ နာရီအတွင်း လျှပ်စီးမိုးကြိုးပစ်ခတ်မှုပေါင်း ၃၆၇၄ခု ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ 

 

 

ကိုးကား-ဘီဘီစီ

ဘာသာပြန်-မေဇော်ထက်