အိန္ဒိယအနောက်ပိုင်းတွင် ဆည်ကျိုးပေါက်မှုဖြစ်ပွား၊ လူ ၆ ဦးသေ၊ ၂၂ ဦး ပျောက်ဆုံး

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရတ္ထရာပြည်နယ် ရတနာဂီရိခရိုင်တွင် အင်္ဂါနေ့ညက အသေးစား ဆည်တစ်ခု ကျိုးပေါက်မှုဖြစ်ပွားရာ ၆ ဦးသေဆုံးခဲ့ပြီး အခြားသူ ၂၂ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

ဆည်၏ အနီးအနားရှိ ရွာပေါင်း ၆ရွာမှ ၇ရွာအထိ ရေလွှမ်းမိုးခံရသည်ဟု ဒေသန္တရ မီဒီယာက ဖော်ပြသည်။

ဆည်ကျိုးပေါက်ပြီးနောက် အိမ်ပေါင်း ၁၂ အိမ်မှာ ရေစီးနှင့်မျောပါသွားခဲ့သည်။

အမျိုးသားသဘာဝဘေးတုံ့ပြန်မှုအဖွဲ့က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရေသိုလှောင်မှု ပမာဏ ၂ဒသ၄ မီလီယံ ကုဗမီတာရှိသော အဆိုပါ ဆည်သည် ၂၀၁၂ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။ 

ဆည်ကျိုးကျမှုဖြစ်ပွားရသည့် အခြားအချက်အလက်များအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်

 

mdn