ရန်ကုန် ဧပြီ ၂၃
မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အိန္ဒိယအစိုးရက လှူဒါန်းသော ဆန်နှင့်ဂျုံများကို ဧပြီ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ (၁၀)တောင်ရပ်ကွက်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းနှင့် (၁၀)မြောက်ရပ်ကွက်၊ သာသနာ့သောပိတဓမ္မာရုံတို့၌ ပြည်သူများအား ဖြန့်ဝေထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများက (၁၀)တောင်ရပ်ကွက်ရှိ အိမ်ထောင်စု ၈၀၀ အတွက် ၂၄ ပြည် ဆန် တစ်အိတ်စီနှင့် 1041.696 kg ဂျုံ တစ်အိတ်စီကိုလည်းကောင်း၊ (၁၀)မြောက်ရပ်ကွက်ရှိ အိမ်ထောင်စု ၂၆ဝ အတွက် ၂၄ ပြည် ဆန် တစ်အိတ်စီနှင့် 320.84 kg ဂျုံ တစ်အိတ်စီကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ကြသည်။
ဖြန့်ဝေရန်ကျန်ရှိသည့် ရပ်ကွက်အလိုက် ပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


