အိန္ဒိယ အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၁၄ ဉီး သေဆုံး

၃၀ စက်တင်ဘာ

 

 

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၄ နာရီအတွင်း ၁၄ ဉီး သေဆုံးခဲ့ကြောင်း မီဒီယာများက ယမန်နေ့က ဖော်ပြခဲ့သည်။

 

 

ပန်နာမြို့အနီးရှိ ကာဂူရယ်ရထားဘူတာ၌ သစ်ပင်တစ်ပင် လဲကျပြီး လူလေးဉီး သေဆုံးခဲ့ကြောင်း  သတင်းများအရ သိရသည်။

 

 

အဆိုပါ အဖြစ်အပျက်ကြောင့် နှစ်ဉီး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 

 

စနေ့နေ့အတွင်းက လူတစ်ဉီးမှာ ဓာတ်လိုက်သေဆုံးခဲ့ပြီး ကီမူရာခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အိမ်ပြိုမှုကြောင့် နှစ်ဉီးသေဆုံးခဲ့သည်။ ပြည်နယ်သုံးခုတွင် လူလေးဉီး သေဆုံးခဲ့သည်ဟု ဆိုသည်။

 

 

ဘီဟာပြည်နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေတံခွန်များမှ ကျလာသည့် ရေများကြောင့် အခြားသော နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း အိန္ဒိယ မိုးလေဝသ အဖွဲ့က ပြောကြားခဲ့သည်။

 

 

ဘီဟာပြည်နယ်တွင် သောကြာနေ့ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ်၏ နေရာအချို့တွင် ရေကြီးမှုခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

 

ဘီဟာပြည်နယ် အတွင်းရှိ ခရိုင်များသို့ ကယ်ဆယ်ရေး အဖွဲ့များကို စေလွှတ်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်