အီးယူကနေ ဗြိတိန် ခွဲထွက်ရေးအတွက် ဒုတိယအကြိမ် ဆန္ဒခံယူပွဲသာ ကျင်းပမယ်ဆိုရင် ထိခိုက်မှုတွေ ရှိလာမယ်လို့ ဝန်ကြီးချုပ် သတိပေး

အီးယူကနေ ဗြိတိန်ခွဲထွက်ရေးအတွက် ဒုတိယအကြိမ်ဆန္ဒခံယူပွဲကျင်းပမယ်ဆိုရင် ဗြိတိန်ရဲ့နိုင်ငံရေးကို ပြန်လည်ပြင်ဆင်လို့မရအောင် ထိခိုက်မှုတွေ ရှိလာမယ်လို့ ဒုတိယအကြိမ်ဆန္ဒခံယူပွဲ ပြုလုပ်ဖို့ ထောက်ခံနေတဲ့ လွတ်တော်အမတ်တွေကို ဒီကနေ့(တနင်္လာနေ့)မှာ ဝန်ကြီးချုပ် ထရီဇာမေက သတိပေးပြောကြားလိုက်ပါတယ်။ 

ဗြိတိန်ပြည်သူတွေက ၂၀၁၆ခုနှစ်က အီးယူကနေ ဗြိတိန်ခွဲထွက်ရေးအတွက် ဆန္ဒခံယူပွဲမှာ ခွဲထွက်ရေးဘက်က အသားစီးရခဲ့ပါတယ်။ အဲဒီဆန္ဒမဲ အရ လာမယ့်နှစ် ၂၀၁၉ခုနစ် မတ်လ ၂၉ ရက်နေမှာ ထွက်မယ်လို့ ရည်မှန်းထားခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်အနေနဲ့  အီးယူကနေ ခွဲထွက်ရေးအတွက် သဘောတူညီချက်ကို လွတ်တော်ရဲ့ သဘောတူမှုရရှိဖို့အတွက် ပြီးခဲ့တဲ့လက ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမှာ ရှိနေခဲ့ပါတယ်။

ပါတီကြီးတွေက လွတ်တော်အမတ် တော်တော်များများနဲ့အတူ ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ ဂျွန် မေဂျာနဲ့ တိုနီဘလဲတို့ ကပါ ဒုတိယအကြိမ်မြောက် ဆန္ဒခံယူပွဲ ကျင်းပပေးရေးကို ထောက်ခံနေကြပါတယ်။  ပြည်သူတွေအတွက် မဲပေးခွင့်ပုံစံမျိုး လုပ်ပေးချင်တဲ့ အစိုးရ အရာရှိတွေ လည်းရှိနေကြောင်း သတင်းတွေအရ သိရပါတယ်။ 

MDN
ကိုးကား- AFP