အီရန်နိုင်ငံခြားရေးဝန်ကြီးအပေါ် အမေရိကန် ဒဏ်ခတ်အရေးယူ

၁ သြဂုတ်

 

အမေရိကန်နိုင်ငံနှင့်ပတ်သက်ပြီး အီရန်နိုင်ငံ၏အရေးပါသော ညှိနှိုင်းရေးမှူးဖြစ်သူ အီရန် နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့သည်။

 

အမေရိကန်အစိုးရက အီရန်နိုင်ငံ၏ ထိပ်တန်းသံတမန် ဖြစ်သူ မိုဟာမက် ဂျာဗက် ဇာရစ်ဖ် သည် အီရန်ပြည်သူများကို  အစိုးရ သတင်းဌာနများကတဆင့် ဝါဒဖြန့်မှု နှင့် သတင်းအချက်အလက်မှားကို ဖြန့်ဝေနေကြောင်းနှင့် အီရန်နိုင်ငံ၏ နျူကလီးယား တိုးတက်မှုကို ဆက်လက်အားပေးလုပ်ဆောင်နေကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

2

 

မိုဟာမက် ဂျာဗက် ဇာရစ်ဖ် သည် အီရန်ပြည်သူများ၏ လွတ်လပ်မှုကိုထိပါးကာ ဖိနှိပ်ထားသည် ဟု  အမေရိကန်အစိုးရက ဆိုသည်။

 

ဟော်မုဒ်ရေလက်ကြားတွင် လုံခြုံရေး  သေချာမှုရှိစေရန် ၎င်း၏ မဟာမိတ်အဖွဲ့များ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့် က မေတ္တာရပ်ခံထားသည်။

 

အီရန်နှင့် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ကြောင်း ထရန့် က ထုတ်ဖော်ပြောကြားခဲ့သော်လည်း မိုဟာမက် ဂျာဗက် ဇာရစ်ဖ် ကို ဒဏ်ခတ်အရေးယူမှုလုပ်ဆောင်ပြီးနောက် ယင်းဆွေးနွေးပွဲ ဖြစ်မြောက်ရန် ပိုမိုခက်ခဲလာခဲ့သည်။

 

အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုသည် ၎င်းအပေါ် ထိခိုက်မှုမရှိကြောင်း မိုဟာမက် ဂျာဗက် ဇာရစ်ဖ် က တွစ်တာတွင် တုံ့ပြန် ရေးသားထားသည်။

 

ကိုးကား - အန်အိတ်ချ်ကေ

ဘာသာပြန် - မြင့်မြင့်ချို