အီရန်နိုင်ငံက ပထမဦးဆုံး စစ်သုံးဂြိုလ်တု အောင်မြင်စွာလွှတ်တင်

၂၂ ဧပြီ

အီရန်တော်လှန်ရေးတပ်က သူ့နိုင်ငံအတွက် ပထမဦးဆုံး စစ်သုံးဂြိုလ်တုတစ်လုံးကို ဗုဒ္ဓဟူးနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

အဲဒီဂြိုလ်တုဟာ နောလ် ၁ လို့ အမည်ရပြီး နိုင်ငံရဲ့ အလယ်ပိုင်းရှိ ကန္တာရ‌ဒေသကနေ လွှတ်တင်တာဖြစ်ပြီး ဂြိုလ်တုကို ကာစက် ဂြိုလ်တုစင်ကနေ တစ်ဆင့် ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာရောက်ရှိသွားကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့ နှစ်လက အီရန်နိုင်ငံက ဂြိုလ်တုတစ်စင်းလွှတ်ခဲ့ပေမယ့် မအောင်မြင်တာကို တွေ့ရပါတယ်။ အစ္စလာမ်တော်လှန်ရေး ၄၁ နှစ်ပြည့်မတိုင်မီ ဖေဖော်ဝါရီ ၉ ရက်နေ့က လွှတ်တင်တဲ့ ဇာဖာ အမည်ရ ဂြိုလ်တုဖြစ်ပြီး အဲဒီဂြိုလ်တုကိုတော့ စစ်သုံးလို့ ပြောဆိုခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။

 

အီရန်ကတော့ ကုလသမဂ္ဂလုံခြုံကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာတယ် နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး အာကာသထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့  လှုပ်ရှားမှု ပြုလုပ်ခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။

MDN
ကိုးကား - AFP