အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်ရှိ ဆေးခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ ၁၉ ဦးထက်မနည်း သေဆုံး

၁ ဇူလိုင်

 

 

အီရန်နိုင်ငံ၏မြို့တော် တီဟီရန်မြို့ မြောက်ပိုင်းခရိုင်ရှိ ဆေးခန်းတစ်ခု၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တီဟီရန်မြို့တော် မီးသတ် အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဂျာလယ် မာလီကီက ပြောကြားခဲ့သည်။

 

 

သေဆုံးသူများအနက် ၁၅ ဦးမှာ အမျိုးသမီးများဖြစ်ပြီး လေးဦးမှာ အမျိုးသားများဖြစ်ကြောင်း မာလီကီ က နိုင်ငံပိုင် IRNA သတင်းဌာနသို့ ပြောကြားခဲ့သည်။ ပေါက်ကွဲမှုအတွင်း လူခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ၄င်းက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အဆောက်အအုံအတွင်း ပိတ်မိနေခဲ့သည့် လူ ၂၀ ဦးကိုလည်း မီးသတ် သမားများက ကယ်တင်ခဲ့ကြောင်း မာကီလီက ပြောသည်။

 

 

ယမန်နေ့ညနေပိုင်းက တာဂျ်ရစ်ရင်ပြင်အနီး လူစည် ကားရာလမ်းမ တစ်ခုပေါ်ရှိ ဆိုင်နာဆေးခန်း၌ ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကာ မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့သည်။

 

 

အောက်ဆီဂျင်ဓာတ်ငွေ့များ ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေ သန္တရမီဒီယာများက ဖော်ပြခဲ့ကြသည်။

 

 

ကိုးကား--ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

2429