အီရန်အရေးနဲ့ပတ်သတ်ပြီး သမ္မတအာဏာ ထိန်းချုပ်ဖို့ အမေရိကန် အောက်လွှတ်တော်ဆုံးဖြတ်

၁၀ ဇန်နဝါရီ

 

အီရန်အရေးနဲ့ပတ်သက်ပြီး အမေရိကန် စစ်တပ်ကို အသုံးပြုလိုလျှင် လွှတ်တော်သဘောတူမှ အသုံးပြုရန် အောက်လွှတ်တော်က ကြာသပတေးနေ့မှာ ထောက်ခံမဲ ၂၂၄ မဲ ကန့်ကွက်မဲ ၁၉၄ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ခြွင်းချက်အနေနဲ့ အမေရိကန်နိုင်ငံကို ချက်ချင်းတိုက်ခံရမယ့် အခြေအနေမျိုးမှာတော့ ခုခံကာကွယ်ဖို့အတွက် လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူရန် မလိုအပ်ဘဲ အမေရိကန်စစ်အင်အားကို လိုအပ်သလို အသုံးနိုင်တယ်လို့ ပါရှိပါတယ်။

 

အောက်လွှတ်တော်ကအတည်ပြုခဲ့တဲ့ သမ္မတအာဏာထိန်းချုပ်ရေးကို အထက်လွှတ်တော်က အတည်ပြုခဲ့မယ်ဆိုရင် ဥပဒေအရ အတည်ပြုပြီး ဖြစ်တယ်လို့ ဆိုရမှာပါ။ အောက်လွှတ်တော်က အတည်ပြုလိုက် စစ်ပွဲအတွက် သမ္မတ လုပ်ပိုင်ခွင့် ကန့်သတ်ချက်ကို အထက်လွှတ်တော်မှာ လာမယ့်သီတင်းပတ်အတွင်း အတည်ပြုဖို့ရှိနေပါတယ်။ အထက်လွှတ်တော်မှာ ထရန့်ရဲ့ ရီပက်ပလစ်ကန် အမတ်တွေဟာ ၅၃-၄၇ နဲ့ အုပ်စိုးထားတာကို တွေ့ရပါတယ်။

 

ထောက်ခံမဲပေးခဲ့သူတွေထဲမှာ သမ္မတထရန့်ရဲ့ ရီပက်ပလစ်ကန်ပါတီအမတ် သုံးဦးလည်း ပါဝင်တာကို တွေ့ရပါတယ်။ အဲဒီသုံးဦးထဲမှ မတ်ဂေ့ဇ် က အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲတစ်ခုပြုလုပ်ရန် ဆုံးဖြတ်မယ်ဆိုရင် အမှားဖြစ်မှာ ပါတယ်။ တကယ်လို့ အမေရိကန်စစ်တပ်အင်းအားဟာ စစ်ပွဲတွေဆီသွားရောက်ပြီး အဲဒီမှာ တိုက်ခိုက်သေဆုံးမှုတွေ ဖြစ်ခဲမယ့်ဆိုရင် စစ်တပ်ကို သွားသင့်သလား မသွားသင့်လာဆိုတာ အောက်လွှတ်တော်အနေနဲ့ ဆုံးဖြတ်မယ်လို့ ပြောဆိုပါတယ်။

 

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ပဋိပက္ခတွေကို မဖြစ်အောင် ကာကွယ်ရမယ်။ ကမ္ဘာကြီးနဲ့ အမေရိကန်နိုင်ငံဟာ စစ်ပွဲဖြစ်ဖို့အတွက် အင်အားမသုံးနိုင်တော့ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

 

အခုလို မဲခွဲမဆုံးဖြတ်မီ အောက်လွှတ်တော်အတွင်းမှာ တစ်နေတာ အကြိတ်အနယ်ဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်ကို ဆန့်ကျင်တဲ့ စစ်ရေးပြုလုပ်ရန် အောက်လွှတ်တော်ရဲ့ အတည်ပြုချက်ကိုရယူဖို့ မလိုအပ်ဖူးလို့ ပြောဆိုပါတယ်။

 

အီရန်ဗိုလ်ချုပ်ကြီး ဆူလေမန်နီကို တိုက်ခိုက်သတ်ဖြတ်အပြီး အီရတ်အခြေစိုက် အမေရိကန်စစ်အခြေစိုက်စခန်းတွေ အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်သမ္မတ အီရန်နဲ့ စစ်မဖြစ်ရန် နောက်ပြန်ဆုတ်ခဲ့တာကို တွေ့ရပါတယ်။

 

MDN

ကိုးကား -AFP