အီဂျစ်နိုင်ငံက ကမ္ဘာလှည့် ခရီးသွားများ နယ်မြေများ ပြန်လည်ဖွင့်လှစ်

၂ ဇူလိုင်

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် အီဂျစ်နိုင်ငံတွင် မတ်လနှောင်းပိုင်းမှစပြီး  ပိတ်ထားခဲ့သည့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်ရာ နေရာများကို ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။

 

 

ဗုဒ္ဓဟူးနေ့ အတွင်းက ဂါဇာရှိ ပိရမစ်တွင် ဗိုင်းရပ်စ် ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

 

 

ခရီးသွားများအား ကိုယ်အပူချိန် စစ်ဆေးပေးပြီး လက်မှတ်ပြခန်း၌ သတ်မှတ် အကွာအဝေးအတိုင်း လူများကို နေစေရန် သတ်မှတ်ထားသည်ဟု ဆိုသည်။

 

 

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအချို့ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ခရီးသွား ဧည်သည့်များ လာရောက်ရာ နေရာများတွင် လူများ ကျဲပါးလျက်ရှိသည်။

 

 

ပိရမစ်များ အနီးရှိ အမှတ်တရ ပစ္စည်းဆိုင်ရောင်းချသည့် ဆိုင်ပိုင်ရှင်တစ်ဉီးက သုံးလခန့် ပိတ်ထားသည့် စီးပွားရေး လုပ်ငန်းများကို ပထမဆုံး အနေဖြင့် ပြန်လည်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

 

ခရီးသွားများ လာရောက်ရာ နေရာများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ဝမ်းသာကြောင်း သို့သော်လည်း ခရီးသွား ဧည့်သည်များ လာရောက်မှုမှာ နည်းပါးနေလျက် ရှိနေသေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

 

ဇွန်လနှောင်းပိုင်းမှ စတင်ပြီး စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် အီဂျစ်အစိုးရက ခွင့်ပြုခဲ့သည်။

 

 

အီဂျစ်နိုင်ငံတွင် ဗိုင်းရပ်စ်ဖြစ်ပွားသူပေါင်း ယခုအချိန်အထိ ၁၀ဝ၀ ကျော် ရှိနေဆဲဖြစ်ပြီး ဗိုင်းရပ်စ် တားဆီးမှုကို ဆောင်ရွက်ရန်အတွက် အာရုံစိုက်ရမည်ဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်