AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း

ရေးသားသူ Dr. Zin Thu Thu Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

AIDS ရောဂါသည် HIV ရောဂါပိုးမှ စတင်ပါသည်။ HIV ရောဂါပိုး ရှိသောသူသည် အများဆုံး ၁၀ နှစ်အထိ ရောဂါလက္ခဏာ မပြခြင်း ဖြစ်တတ်ပါသည်။ ထိုအချိန်အတွင်းမှာလည်း တခြားသူများသို့ ရောဂါပိုး ကူးစက်နိုင်ပါသည်။ ရောဂါပိုးမွှားကို ရှာမတွေ့ဘဲ ကုသမိလျှင်လည်း ဆေးကြောင့် ခုခံအားကျဆင်းပြီး AIDS ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။

  

AIDS ရောဂါဆိုသည်မှာ HIV ပိုးရှိသော လူတစ်ဦးသည် ခုခံအားကျဆင်းပြီး ကိုယ်ခန္ဓာထိခိ်ုက်ကာ တခြားသော ရောဂါပိုးမွှားများ၊ အထူးသဖြင့် ကိုယ်တွင်းခုခံအားစနစ်ကို အားနည်းစေသော ရောဂါပိုးမွှားများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။

  

ဥပမာ–အနာများ၊ အဖုသေးသေးလေးများ ဖြစ်လေ့ရှိသောရောဂါများ၊ အလုံးအကျိတ်များ ဖြစ်ပေါ်တတ်သော ရောဂါများ၊ လျှာတွင် အဖြူကွက်များ ပေါ်လေ့ရှိသော ပိုးများ၊ တီဘီ၊ ကင်ဒီတာပိုးကြောင့် ဖြစ်သော လည်မျိုရောင်ခြင်းများ ဖြစ်ပါသည်။

  

ထိုရောဂါပိုးများအတွက် တွေ့ရလေ့ရှိသော လက္ခဏာများမှာ-

 

အသက်ရှူမမှန်ခြင်း

 

တစ်နေကုန် ပင်ပန်းနွမ်းနယ်နေခြင်း

 

၁၀ ရက်ထက်ပို၍ ဖျားခြငး်

 

ညဘက်တွင် ချွေးစေးများထွက်ခြင်း

 

အဖျား ပြန်ဖြစ်ခြငး်

 

ကြာရှည်စွာ ဝမ်းလျှောခြင်း

 

သွေးခြေဥလွယ်ခြင်း သို့မဟုတ် အကြောင်းပြချက်မရှိ သွေးယိုခြင်း

 

အဖြူကွက်ပေါ်ခြင်းနှင့် လျှာ၊ ပါးစပ်တို့တွင် အဖုလေးများ ဖြစ်ခြငး်

 

အကြောင်းအရင်းမရှိ ပင်ပန်းနွမ်းနယ်နေခြင်း

 

ပုံမှန်မဟုတ်ဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း

 

ကိုယ်ခန္ဓာတွင် အနီစက်များပေါ်ခြင်းနှင့် အဖုများပေါ်ခြင်း

 

စသည်တို့ ဖြစ်ပါသည်။

  

CD4 T ဆဲလ်ပမာဏ လွန်စွာကျဆင်းပြီး ဗိုင်းရပ်စ်ပိုးများပမာဏ အဆမတန် တိုးပွားလာပါသည်။ CD4 ပမာဏသည်  သွေး ၁ ကုဗလီတာ ပမာဏတွင်၂၀ဝ အောက်ကျပါက သို့မဟုတ် အဆင့် ၄ HIV ဒဏ်ကို ခံစားနေရပါက (ဥပမာ–တီဘီ ကင်ဆာနှင့် နမိုးနီးယား) ဆိုလျှင် ခုခံအားကျဆင်းမှု ရောဂါ AIDS ဖြစ်ရန် ပိုများပါသည်။

  

HIV မှ AIDS သို့ ပြောင်းသွားပြီဆိုလျှင် ထိုလူအဖို့ သေဆုံးရန် ရာခိုင်နှုန်းများပါသည်။ မကုသဘဲထားလျှင် ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။ သေစေနိုင်သော ရောဂါပိုးမွှားများ တစ်ခုခု ဝင်ရောက်လာပြီ ဆိုလျှင်လည်း  တစ်နှစ် သက်တမ်းမျှသာ ကျန်သောအဖြစ်မျိုးလည်း ကြုံရနိုင်ပါသည်။

 

 တိုးတက်လာသော ခေတ်သစ်ဆေးဝါးများကြောင့် AIDS ရောဂါရှင်များသက်တမ်းသည်လည်း တိုးမြင့်လာပါသည်။ HIV ရောဂါဖြစ်လျှင် ဆေးအမျိုးအစားများစပ်၍ သောက်သုံးရပါမည်။

  

ထိုဆေးများသည် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ကို တိုးမြင့်နိုင်ပါသည်။ ထိုဆေးများသည် ဈေးကြီး၍ ဘေးထွက် ဆိုးကျိုးများလည်း ရှိတတ်ပါသည်။ သို့သော် ဆရာဝန်နှင့်မတိုင်ပင်ဘဲ ဆေးမဖြတ်သင့်ပါ။ ထို့အပြင် ပေးထားသော ဆေးကိုအကုန်မသောက်ဘဲ တစ်မျိုးတည်းခွဲ၍ မသောက်သုံးရပါ။ CD4 T ဆဲလ်နည်းသော သူများသည် တခြားသောရောဂါပိုးများ မဝင်လာစေရန် ဆေးသောက်သုံးသည်များလည်းရှိပါသည်။ ထိုဆေးများကို CD4 ပမာဏ တိုးတက်လာသည်အထိ သောက်သုံးသင့်ပါသည်။

 

 AIDS ရောဂါသည် HIV ပိုးကြောင့် ဖြစ်ပါသည်။ ထိုရောဂါသည် ကိုယ်ခန္ဓာ၏ခုခံအားစနစ်ကို လျော့နည်းစေပါသည်။ HIV ရောဂါကို သက်သာစေသောဆေးများမှာ ကူးစက်မှုများကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်ပါသည်။ သို့သော် အမြဲတစေမမှန်နိုင်ပါ။ ဆရာဝန်နှင့် အသေးစိတ် တိုင်ပင်နိုင်ပါသည်။

  

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_40.jpg