အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးဇာတ်လမ်းတွဲများ MRTV ရုပ်သံလိုင်းမှထုတ်လွှင့်မည်

နေပြည်တော်  ၂၈  ဇန်နဝါရီ 

 

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACC-Myanmar)၊ ဟောင် ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ICAC) ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား(MRTV) တို့ ပူးပေါင်းစီစဉ်တင်ဆက်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးဇာတ်လမ်းတွဲများဖြစ်သည့် "အမှန်တရားဘက်တော်သား၊ ICAC အဖွဲ့သားများ" ICAC Investigators 2016  အပိုင်း(၁) ကို ဖေဖော်ဝါရီ  ၂ ရက်  ည ၉ နာရီ၌ လည်းကောင်း၊ အပိုင်း(၂)ကို ဖေဖော်ဝါရီ   ၉ ရက်  ည ၉ နာရီ၌လည်းကောင်း၊ အပိုင်း(၃)ကို ဖေဖော်ဝါရီ   ၁၆ ရက်  ည ၉ နာရီ၌လည်းကောင်း၊ အပိုင်း(၄)ကို ဖေဖော်ဝါရီ  ၂၃ ရက် ည ၉ နာရီ၌လည်းကောင်း MRTV ရုပ်သံလိုင်းမှ ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ ဇာတ်လမ်းတွဲများတွင် ဟောင်ကောင်မှ နာမည်ကျော် သရုပ်ဆောင်များ  ဖြစ်ကြသော Kelly Fu, Ruco Chan, Kenneth Ma, Daniel Chau နှင့် Chris Lai တို့မှ အဓိက  ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ခြင်း ဆိုင်ရာ ဗဟုသုတအဖြာဖြာကို အများပြည်သူများ ကြည်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)