အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များ ကျင်းပ

နေပြည်တော် မတ် ၃၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက် စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ ဆရာမများ မွမ်းမံသင်တန်းများတွင် အသိ ပညာပေးအစီအစဉ်များကို ဆောင်ရွက်လျှက်ရှိသည်။ 

ထိုသို့ဆောင်ရွက်လျှက်ရှိရာယနေ့တွင် ကယားပြည်နယ်ရှိ လွိုင်ကော်မြို့ အ.ထ.က(၁) ၊ ဒီးမော့ဆိုမြို့ရှိ အ.လ.က(၂) ၊ ဘောလခဲခရိုင်နှင့် မယ်စဲ့ခရိုင်ရှိ အ.ထ.က ကျောင်းများတွင် Online စနစ်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ဆရာ ဆရာမများကလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်