အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေး ဆွေးနွေးမှုအစီအစဉ်များ ကျင်းပ

နေပြည်တော်၊ မတ် ၂၅

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရန်၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အဓိကကျသည့် ဆရာ/ဆရာမများ၏အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဆရာ/ဆရာမ မွမ်းမံသင်တန်းများတွင် အသိပညာပေး ဆွေးနွေးခြင်း အစီအစဉ်များကိုဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ထားဝယ်မြို့၊ မကွေးမြို့၊ ပုသိမ်မြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့ရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်