အောင်လံမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်

အောင်လံ မေ ၂၄

 

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သံဂဟေဆက်သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြီးက ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို မြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သင်တန်းနည်းပြဆရာများက သင်ထောက်ကူပစ္စည်းများအား ရှင်းလင်းပြသ၍ သင်တန်းတွင် တိုင်တာမှု၊ ဖြတ်တောက်မှု၊ ဂဟေဆက်မှုတို့အား လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကို သင်တန်း နည်းပြဆရာ(၂)ဦး၊ သင်တန်းသား(၂၅)ဦးဖြင့် ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)