အောင်လံ မတ် ၄
အောင်လံမြို့ စမ်းချောင်းရပ်ကွက် (သမိုင်းဝင်)ကုသိနာရုံတောင် တော်ဘုရားကြီး၏ ဗုဒ္ဓမြတ်စွယ်တော်တိုက် ဖွင့်လှစ်အပူဇော်ခံပွဲကို မတ် ၂ ရက် (တပေါင်းလပြည့်နေ့)နံနက်ပိုင်းက ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်က အနုမောဒနာကထာ လျှောက်ထားခြင်း၊ (သမိုင်းဝင်) ကုသိနာရုံတောင်တော်ဘုရား၏ ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်းက ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားခြင်း၊ ဗုဒ္ဓမြတ်စွယ်တော်တိုက်အား ဖွင့်လှစ်အပူဇော်ခံခြင်းနှင့် အနေကဇာတင် အခမ်းအနားများကို ဆောင်ရွက်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုသိနာရုံတောင်တော်ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြို့မိမြို့ဖများ တက်ရောက်ပူဇော်ခဲ့ကြသည်။
ကိုခန့်


