အောင်လအန်ဆန်နှင့် Alexandre Machado တို့ရဲ့ယှဉ်ပြိုင်ထိုးသတ်ရန် နှစ်ရက်အလို ပြောစကား

ရန်ကုန် ၂၀ ဖေဖော်ဝါရီ 

ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာချန်ပီယံ အောင်လအန်ဆန် (ခေါ်) မြန်မာ့စပါးအုံးနှင့် ဘရာဇီးနိုင်ငံမှ ဟဲဗီးဝိတ်တန်း ချန်ပီယံ Alexandre "Bebezao" Machado တို့ လာမည့်ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းမှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံရှစ်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်တော့မှာ ဖြစ်ပါတယ်။

ယှဉ်ပြိုင်ထိုးသတ်ဖို့ နှစ်ရက်အလိုမှာ One Championship နဲ့ Telenor Myanmar တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြိုင်ဘက်တွေကို မီဒီယာနဲ့ အမေးအဖြေပြုလုပ်ခြင်း အခမ်းအနားကို ဒီကနေ့မွန်းလွဲ  ၃ နာရီခွဲက ရန်ကုန်မြို့ရှိ Rose Gareden ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ် အဲဒိပွဲမှာ အောင်လအန်ဆန်နဲ့ Machado တို့ရဲ့ ပြောစကားတွေကို ရေးသားတင်ပြလိုက်ပါတယ်။

အောင်လအန်ဆန်

MMA စကစားတဲ့အချိန်မှာ ကျွန်တော့ရဲ့ ပန်းတိုင်တစ်ခုက ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ရအောင်ဆိုပြီးတော့ ပန်းတိုင်ထားပါတယ် ပရိတ်သတ်တွေ အားပေးတဲ့အတွက် ပန်းတိုင်ရောက်ခဲ့ပါတယ် နောက်ထပ်ပန်းတိုင်က ဘာလိုချင်လဲဆိုတော့ ကျွန်တော့ရဲ့ ဝိတ်တန်းအပေါ်က လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ရအောင်ဆိုပြီး ကြိုးစားတာဖြစ်ပါတယ် Machado ကဂျူ - ဂျစ်ကို ငယ်ငယ် ကထဲက ကစားတာ ကျွန်တော်ကအသက် ၁၇ နှစ် ၁၈ နှစ်လောက်မှ ကစားတာ သူကဂရောင်းကင်းမှာ အရမ်းကောင်းတယ် သူမချုပ်နိုင်အောင် နည်းလမ်းတွေ သင်ထားကျင့်ထားပါတယ် သူပေးရင်တော့ ယူမှာပေါ့ သူဘယ်လိုပြင်ဆင်ထားလဲဆိုတာ မသိဘူး သူ့ကိုဘယ်နှစ်ချီနဲ့ နိုင်မယ်ဆိုတာ ကျွန်တော်မသိဘူး မသေချာသေးဘူး ဒါပေမယ့်ပရိတ်သတ် ဂုဏ်ယူနိုင်အောင် အကောင်းဆုံးယှဉ်ပြိုင်သွားမယ် အလိန်းနဲ့ပွဲတုန်းက ကျွန်တော့ရဲ့ စိတ်မှာနဗန်းလုံးပြီး ချုပ်ရမယ် သူကတစ်ချီပြီး ရင်အားလျော့တာတွေ ဖြစ်တယ်ဆိုတာ သူ့ပွဲကိုကြည့်ပြီး သိတယ် အဲဒါကြောင့် နှစ်ချီအတွင်း နိုင်မယ်လို့ ပြောနိုင်တယ်လေ။

Machado

ဒီပွဲကကျွန်တော့ဘဝရဲ့ အကြီးဆုံး စိန်ခေါ်ပွဲတစ်ခုပါ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးမှ ဒီလိုပွဲမျိုးကို ရင်ဆိုင်ထိုးရတာ ဖြစ်ပါတယ် ဒီအတွက်ကို အပြင်းအထန် လေ့ကျင့်ထားပါတယ် လေ့ကျင့်ခန်းတွေ အများကြီး လုပ်ထားတယ် တော်တော်များများ ကြိုးစားထားပါတယ် ချန်ပီယံရှစ်မှာဆိုရင် အားကစားသမားတွေ အကုန်လုံးက သူတို့ရဲ့ အားသာချက် အားနည်းချက်တွေရှိတယ် အောင်လအန်ဆန်နဲ့ ကျွန်တော်နဲ့ချမယ်ဆိုရင် ညီမျှတဲ့အားသာချက် နည်းချက်တွေရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

သတင်း -  ဇာနည်မောင်

ဓါတ်ပုံ   -   ခင်မောင်ဝင်း(ကြေးမုံ)