အဆုတ်ကင်ဆာစတင်ရှိနေပြီဖြစ်ကြောင်း သိရှိလိုက်ရတဲ့ကလေးငယ်ကို ဘယ်လိုပြောရမလဲ

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

သင့်ကလေး ကို ဆရာဝန်က မကြာသေးမီကပင် အဆုတ်ကင်ဆာခံစားနေရကြောင်း ပြောလိုက်လျှင် သင်ဘယ်လိုလုပ်မှာလဲ။ သင့်ကလေးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုကူညီမှာလဲ။ အောက်ပါအချက်များသည် သင်ချစ်ရသောသူတယောက်ယောက်ကို အဆုတ်ကင်ဆာဖြစ်နေကြောင်းသိသော အခါကူညီပေးရမည့် အချက်များဖြစ်ပါသည်။

 

သင့်ကလေးပြောသောစကားများကို နားထောင်ပေးပါ။

သင့်ကလေးကို အဆုတ်ကင်ဆာခံစားနေရကြောင်း ပြောလိုက်သောအခါ သူ့မှာ အဆုတ်ကင်ဆာနှင့် ပက်သက်ပြီး သိချင်သည်များ၊ မေးခွန်းများစွာရှိလာနိုင်ပါသည်။ ကလေးအနားမှာ မြဲရှိနေပေးပြီး အားပေးစကား ပြောပေးပါ။ ဆယ်ကျော်သက်များ သည်မည်သူနှင့်မျှစကားမပြောဘဲ ပတ်ဝန်းကျင်နှင့် သီးခြားနေတတ်ကြပြီး ကံစီမံမှုကို အပြစ်တင်နေတတ်ကြသည်။

 

ထိုအခါ သူတို့ကိုဘာမှမပြောပါနှင့်။ ဘေးမှာထိုင်ပြီး အားပေးစကားကို သာလျှင်ပြောပေးပါ။ ထိုသို့ဖြည့်ဆည်း ပေးခြင်းသည်သာ သူတိုကအတွက် အကောင်းဆုံးနည်းလမ်းဖြစ်နိုုင်ပါသည်။

 

ကင်ဆာနှင့်ပက်သက်သည့် ဗဟုသုတများကို သိအောင်လေ့လာပါ။

ကင်ဆာနှင့်ပက်သက်သည့် ဗဟုသုတများကို သိအောင်လေ့လာခြင်းအားဖြင့် သင့်ကလေးကြုံတွေ့နေရသည် များကို လည်းကိုယ်ချင်းစာနိုင်ပါသည်။ ကင်ဆာကုသမှု၊ ဘေးထွက်ဆိုးကျိုးများနှင့် အခြားသောအကြာင်းရာများ ကိုရှာဖွေနိုင်သော အင်တာနက်စာမျက်နှာများစွာရှိပါသည်။

 

သင့်ကိုမေးသောအခါမှ အကြံဉာဏ်ပေးပါ။

သင်သိထားသော ဗဟုသုတများအပေါ်အခြေခံပြီး သင့်ကလေးကို အမြဲကူညီထောက်ပံ့ပေးပြီး အကြံဉာဏ်များ ပေးပါ။ သင်သည် သင်သိသောကုထုံးများကို သင့်ကလေးအား ကုသပေးချင်မိမည်ဖြစ်သည်။ သို့သော်လည်း သင့်ကလေးကိုနေရာတိ်ုင်း မလွှမ်းမိုးပါနှင့်၊ အချို့အရာများကို သူ့ဘာသူကိုင်တွယ်ဖြေရှင်းပါစေ။ ကုသမှုများ၏ အကျိုးသက်ရောက်ပုံနှင့် သူ့ကို မည်သို့စောင့်ရှောက်မှုများပေးမည့်အကြောင်းကို ပြောပြပေးပါ။

 

သင်ချစ်သောသူက သဘောတူလက်ခံသည့်ကုသမှုမျိုးကို လုပ်ဆောင်ရန်ကူညီပေးပါ။

သင်သည် မိဘတယောက်အနေဖြင့် သင့်ကလေးအတွက်ကုသမှုကို ရွေးချယ်နိုင်ပါသည်။ သို့သော် သင့်ကလေးသည် ဆယ်ကျော်သက်အရွယ်ဖြစ်ပါက သူ့ဆုံးဖြတ်ချက်နှငေ့်၇ွးချယ်သော ကုသမှုမျိုးကို လက်ခံ ပေးပါ။ အခြားသော သင့်တော်သည့် ကုသမှုမျိုးရှိလျှင်လည်း သင့်ကလေးနှင့်တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချပါ။

 

ပြုစုစောင့်ရှောက်မည့်သူကိုရှာပါ။

သင့်ကလေးကိုစောင့်ရှောက်ရန် သင်အလုပ်ထွက်လိုက်ချင်သော်လည်း သင့်တွင်ငွေကြေးအခက်အခဲများ ရှိနေလျှင် သင့်ကလေးကို စောငေ့်၇ှာက်မည့်သူကိုစဉ်းစားရွေးချယ်ရမည်။ စောင့်ရှောက်မည့်သူကို ရွေးချယ်ရာတွင် ဆေးခန်းသို့ပို့ပေးခြင်း၊ ဆေးခန်းရက်ချိန်းယူပေးခြင်း၊ စိတ်အားတက်ကြွအောင် ကူညီထောက်ပံမှုများနှင့် အခြားသော အကူအညီများပေးနိုင်မည့် သူမျိုးဖြစ်ရန် လိုအပ်ပါသည်။

 

မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်အောင်နေပါ။

သင်နှင့်သင့်ကလေးကြားတွင် အပြန်အလှန်နားလည်မှုရှိရန် အရေးကြီးသည်။ ကင်ဆာရောဂါကုသမှုသည် ရှည်လျားသော နာတာရှည်ကုသမှုမျိုးဖြစ်ပါရာ အကောင်းမြင်စိတ်မွေးမှသာ ရေရှည်တွင် အဆင်ပြေပါမည်။ သင့်အခြားသော မိသားစုဝင်များဆီကို လည်းအလည်သွားပြီး တွေ့ဆုံခြင်းမျိုးဖြင့်လည်း သင့်ကလေးကို သီးခြားမဖြစ်အောင်ထားနိုင်သည်။

 

ကလေးအတွက်အရာအားလုံးမလုပ်ပေးပါနှင့်။

ကလေးငယ်နေမကောင်းဖြစ်လျှင် မိဘများသည် ကလေးအတွက် အရာအားလုံး လုပ်ပေးတတ်ကြသည်။ ထိုသို့လုပ်ပေးခြင်းဖြင့် မအားလပ်တော့သောအခါ သင့်ကလေးကို ဂရုစိုက်မှုကျဆင်းစေပါသည်။ သင့်ကလေးက သူနိုင်သောအလုပ်များကို ခွဲဝေလုပ်ကိုင်စေခြင်းဖြင့် သူ့ကိုပိုတက်ကြွစေလာမည်ဖြစ်သည်။

 

ကင်ဆာကုသမှုပြီးသွားသည့်တိုင် ဂရုစိုက်မှုများ မလျော့သွားပါနှင့်။

ကင်ဆာကုသမှုပြီးသွားသည့်တိုင် သင့်ကလေး၏ရောဂါများ လုံးဝသက်သာသွားခြင်းမျိုး မဟုတ်သည့်အတွက် သူ့အပေါ် ဂရုစိုက်မှုများ မလျော့သွားပါနှင့်။ သူသည် ပုံမှန်လူတယောက်ကဲ့သို့ မနေနိုင်သောကြောင့် စိတ်ဒါဏ်ရာ ရနေနိုင်ပါသည်။ သင့်ကလေးသည် ဆေးကုသမှု မခံယူချင်တော့သည့်တိုင်အောင် သင့်ထံမှ စိတ်ဓာတ်အားပေးစကားများကို လိုအပ်နေမည်မှာ အမှန်ဖြစ်မည်။

 

မိဘများအနေနှင့် သင့်ကလေးကင်ဆာဖြစ်လျှင် စိတ်ထိခိုက်မည်ဖြစ်သော်လည်း သူ့အတွက် ကြံ့ကြံ့ခံနိုင်ရမည်။ သင်ပင်ပန်းလာချိန်တွင် သင့်ကိုယ်သင်ဂရုစိုက်ပါ။ အနားယူပါ။ သင်သည် သင့်ကလေး၏ ကင်ဆာရောဂါကုသမှုတွင် အရေးကြီးသောကဏ္ဍတွင် ပါဝင်နေကြောင်း သိသင့်သည်။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_47.jpg