အဘိဓမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိသည့်  ဆရာတော် ဘဒ္ဒန္တ သုမန၏ ဂုဏ်ပြုပူဇော်ပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင် တက်ရောက်

ဝါးခယ်မ ဧပြီ ၁၀

 

နိုင်ငံတော်အစိုးရက ဆက်ကပ်သော “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရရှိ သည့် စက်ရုံဓမ္မရိပ်သာ ကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမန ၏ ဂုဏ်ပြုပူဇော်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်း/ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဧည့်ပရိသတ်များက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကာ ဆရာတော် ဘဒ္ဒန္တသုမနထံမှ (၅)ပါးသီလခံယူကြပြီး၊ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မရမ်းချို ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတ ထံမှ ဩဝါဒ နာယူကြသည်၊၊

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က သာသနာရေးဆိုင်ရာများ လျှောက်ထား၍ အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်အား ထပ်ဆင့်ဆက်ကပ်ပူဇော်သည်။

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်းက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ ဧည့်ပရိသတ်များက  မော်လမြိုင်ကျွန်း မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ရေစက်ချတရားနာယူကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ၊ဝါးခယ်မမြို့နယ် သဲကုန်း/ကြာဖြူကျေးရွာ၌ ပြုလုပ်သည့် သုံးသီးစိုက် (စပါး၊ ပဲ၊ စပါး) ၆ ဧက စိုက်ပျိုးထားရှိမှုနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တိုင်း/ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ဝါးခယ်မ မြို့နယ် သဲကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၀၀၃)၊ ဦးပိုင်အမှတ်(၁၇/၂) တောင်သူ ဦးအောင်နိုင်ထွန်း၏ လယ်မြေအတွင်း (၃)သီးစိုက် (လုပ်ကွက်ငယ်)၊ တောင်သူများ တစ်ဧကဝင်ငွေတိုး ရက် (၉၀) စပါးမျိုး (၆)ဧက စံပြစိုက်ခင်းတွင် နေရောင်ခြည်သုံးဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းကို ကြည့်ရှုပြီး မြေဆီလွှာ ဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်မျိုးစေ့) များအား တောင်သူများလက်ဝယ် ပေးအပ်၍ စုပေါင်းကြဲပက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

(သတင်းစဉ်)