အာရပ်စော်ဘွားများ ပြည်ထောင်စုက ရေနံစိမ်းစည်ပေါင်း ၈ ဒသမ ၁ သန်းကို ဂျပန်နိုင်ငံ၌ သိုလှောင်မည်

အဘူဒါဘီ ၁၅ ဇန်နဝါရီ  

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)သို့ ဂျပန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ခရီးစဉ်ရောက်ရှိမှုအတွင်း ဂျပန်နိုင်ငံ၏ သဘာဝအရင်းအမြစ်နှင့် စွမ်းအင်အေဂျင်စီနှင့် စွမ်းအင်ပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီမှုတစ်ရပ်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု၏ အမြင့်ဆုံးရေနံ ကောင်စီက လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

သုံးနှစ်စာ ရေနံသိုလှောင်ရေး သဘောတူစာချုပ်အရ အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီအနေဖြင့် ရေနံစိမ်း စည်ပေါင်း ၈ ဒသမ ၁ သန်းကျော်ကို ဂျပန်နိုင်ငံရှိ ရေနံသိုလှောင်ရုံများတွင် သိုလှောင်သိမ်းဆည်းနိုင်မည် ဖြစ်ကြောင်း ဒေသတွင်း နေ့စဉ်သတင်းစာတစ်စောင်ဖြစ်သည့် Gulfnews သတင်းစာက ဇန်နဝါရီ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ သဘောတူစာချုပ်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု အဘူဒါဘီအမျိုးသားရေနံကုမ္ပဏီ စီအီးအို စူလ်တန်အယ်လ်ဂျာဘာနှင့် ဂျပန်စီးပွားရေး စက်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာဝန်ကြီး မကီဟာရာဟီဒက်ကီတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ သဘောတူစာချုပ်အရ အဘူဒါဘီအမျိုးသ ရေနံကုမ္ပဏီ ဖောက်သည်များသို့ ရောင်းချပြီး ဂျပန်နိုင်ငံ၏ ရေနံစိမ်းသည် ရေနံစိမ်းများကို ဂျပန်ရေနံသိုလှောင်ရုံများတွင် ရှားပါးလာလျှင် ဂျပန်ဈေးကွက်သို့ တိကျသည့် ပမာဏ သိုလှောင်သိမ်းဆည်းထားကာ သတ်မှတ်ပမာဏကိုသာ အတိုင်းပေးအပ်ရန် ဖြစ်ကြောင်း သိရသည်။ 

ဆင်ဟွာ