အာရှအကြီးဆုံးအပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံပညာနှီးနှောဖလှယ်ပွဲ မြန်မာနိုင်ငံ၌ ကျင်းပမည်

ရန်ကုန်    ၁၁ ဇန်နဝါရီ    


မြန်မာနိုင်ငံဆရာဝန်အသင်းအောက်ရှိ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့မှ ဦးစီးကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံနှီးနှောဖလှယ်ပွဲနှင့် အာရှပစိဖိတ်အသည်းရောဂါ ညီလာခံကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ လာမည့်ဖေဖော်ဝါရီလလယ်တွင် ကျင်းပသွားမည်ဖြစ် ကြောင်း  အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါပညာရှင်များအဖွဲ့မှ သိရသည်။

 

ရန်ကုန်မြို့၌ လာမည့် ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပမည့် ဆေးသိပ္ပံပညာ  အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးတွင် ပြည်ပနိုင်ငံများမှ အစာအိမ်၊ အူလမ်းကြောင်း ကမ္ဘာ့ ဆင့်ရှိ ပါရဂူ ၁၆ ဦး၊ အသည်းရောဂါသိပ္ပံပညာရှင် ကမ္ဘာ့ထိပ်သီးပါရဂူ ၃၄ ဦးတို့ ပါဝင်တက်ရောက် ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယခုအကြိမ်သည် ပဉ္စမအကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။ အဆို ပါနှီးနှောဖလှယ်ပွဲကြီးတွင် အပြည်ပြည်ဆိုင်ရာ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရော ဂါ ကုသမှုနှင့်ဆက်စပ်သော နောက်ဆုံးပေါ်သတင်းများ၊ ခေတ်မီကုထုံးများ၊ နည်းပညာသစ်များကို နိုင်ငံတကာမှ ကမ္ဘာ့အဆင့်ရှိ အစာအိမ်နှင့်အူလမ်းကြောင်း ပါရဂူကြီးများ၊ အသည်းရောဂါ ပါရဂူကြီး များက ပြည်တွင်းရှိ ဆရာဝန်ကြီးများ၊ ဆရာဝန်များကို လက်ဆင့်ကမ်းပြန်လည်မျှဝေရန်နှင့် ဆေးပညာ အဆင့်အတန်းအား နိုင်ငံတကာနောက်ဆုံးပေါ်ကုထုံးများနှင့် မျက်ခြည်မပြတ်စေဘဲ အဆင့်မြှင့်တင် နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံပညာ နှီး နှော ဖလှယ်ပွဲကြီးကို ၂၀ဝ၄ ခုနှစ်မှစတင်ကာ နှစ်နှစ်တစ်ကြိမ်ကျင်းပခဲ့ခြင်းဖြစ်သည်။ 

 

“ ဒီနှစ်ကျင်းပမယ့် နှီးနှောဖလှယ်ပွဲကြီးမှာ နိုင်ငံတကာက အစာအိမ်နဲ့ အူလမ်းကြောင်း ဆရာဝန် ကြီးတွေ၊ အသည်းရောဂါပါရဂူကြီးတွေ လာရောက်ဆွေးနွေးမှာပါ။  ဆွေးနွေးမယ့်အပိုင်းကတော့  ခေတ်မီကု ထုံးတွေ ဖြစ်မယ်။ ရိုးရိုးရောဂါအကြောင်းတွေကိုတော့ သိပ်မဆွေးနွေးတော့ဘူး။ ခေတ်မီအစာအိမ် အူလမ်း ကြောင်း ကုထုံးတွေ၊ ဥပမာ အစာအိမ်ကင်ဆာ အစောဆုံးဘယ်လိုသိမလဲ။ ယနေ့ သည်းခြေပွန်မှာ ဘာရော ဂါတွေ အဖြစ်များလဲ။ မခွဲမစိတ်ဘဲ မှန်ပြောင်းနဲ့ ဘယ်လိုကုသမလဲ။ မှန်ပြောင်းနဲ့ကြည့်တဲ့နည်းတွေ၊ ပြွန်အတု ထည့်တာတို့၊ ပြွန်ထဲကို မှန်ပြောင်းနဲ့ ကြည့်တဲ့နည်းတွေ၊ အသစ်ပေါ်လာတဲ့ နည်းပညာအရ သရက်ရွက်မှာရှိတဲ့ အရည်ဖောက်တာတွေ၊ ဝမ်းဗိုက်ထဲမှာရှိတဲ့ အာရုံကြောကို မှန်ပြောင်းနဲ့ ထုံဆေးထိုးတာတွေ စတဲ့ နောက် ဆုံးပေါ် ကုသနည်းတွေကို အဓိထား ဆွေးနွေးသွားမှာပါ။ ဒီဆွေးနွေးပွဲကြီးကနေ နိုင်ငံတကာမှာ အစာအိမ်လမ်း ကြောင်းကုသမှုအပိုင်းတွေ ဘယ်လောက်တိုးတက်နေပြီဆိုတာကို ပြည်တွင်းဆရာဝန်တွေ အများကြီးသိ သွားမယ်။ ဒီလိုပွဲမျိုးကို အရင်က ပြည်ပနိုင်ငံတွေမှာ သွားတက်ရတယ်။ ကုန်ကျစရိတ်များတယ်။ ခွင့်ပြုချက် ယူရ အချိန်ပေးရတဲ့အပြင် အနည်းဆုံး ဒေါ်လာ ၅၀ဝ၊ ၁၀ဝဝ လောက်ဝင်ကြေးပေးပြီးမှ သွားရောက် တက် ရောက်ခွင့်ရတာ။ ဒီမှာက အဲဒီလောက်ကုန်ကျမှုမရှိဘဲ တက်ရောက်ခွင့်ရမယ့်အပြင် မေးခွင့်၊ ဆွေးနွေး ခွင့်ရ မှာဖြစ်တော့ ဆေးလောကဆရာဝန်တွေအတွက် အများကြီးအကျိုးရှိမှာဖြစ်ပါတယ်” ဟု ဒေါက်တာ သိန်းမြင့် (ပါမောက္ခ၊ ဌာနမှူး၊ အစာအိမ်နှင့်အူလမ်းကြောင်းဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး) က ယနေ့မွန်းလွဲ ၂နာရီတွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။

 

ယခုကျင်းပမည့်   အာရှအကြီးဆုံးအပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံပညာနှီးနှောဖလှယ်ပွဲကြီးကို ဦးဆောင် ကျင်းပမည့် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ အဖွဲ့ကြီးကို မြန်မာနိုင်ငံ၌ ၂၀ဝ၄ ခုနှစ်မှစတင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဆရာဝန်များ အရည်အသွေးမြင့်မားစေရန် စဉ်ဆက်မပြတ်နှီးနှောဖလှယ်ပွဲများ၊ ဆေးပညာပေးခြင်းများ၊ ဆေးနှင့်ဆိုင်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်  ပြည်သူလူထုအတွက် ထိရောက်သောကုသမှုများကို နည်လှည့်ကုသပေးရန် အဓိကရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုကျင်းပမည့် နှီးနှောဖလှယ်ပွဲကြီးတွင် ပြည်တွင်းဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာဝါသနာပါသော ပြည်သူများအနေဖြင့် တက်ရောက်လျှင် လူဦးရေကန့်သတ်ထားသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)

ဓာတ်ပုံ- မင်းထက်