အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် တက်လှမ်းခဲ့ပြီဖြစ်တဲ့ အာဖရိကနိုင်ငံများဖလား ခုနစ်ကြိမ်မြောက်ချန်ပီယံ အီဂျစ်အသင်း

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကို ခုနှစ်ကြိမ်အထိ ကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့တဲ့ အီဂျစ်အသင်းဟာ ဆူဒန်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အုပ်စု(D)ရဲ့ အဆင့် ဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်း နိုင်ခဲ့ပြီဖြစ်ပါတယ်။

အီဂျစ်အသင်းနဲ့ ဆူဒန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အီဂျစ်အသင်းဟာ ပထမပိုင်းပွဲကစားချိန် ၃၅ မိနစ်မှာ ရရှိခဲ့တဲ့ မိုဟာမက်အက်ဘဒယ်မိုနမ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အီဂျစ်အသင်းဟာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၆ ရက်မှာ အုပ်စု (E)ရဲ့ ပထမနေရာက အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

အီဂျစ်အသင်းဟာ ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်တာကြောင့် နောက်ဆုံးကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ခြောက်ကြိမ်မှာ ငါးကြိမ်အထိ ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခဲ့တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်