အာဖဂန်နစ္စတန်တွင် အသေခံဗုံး ဖောက်ခွဲမှုဖြစ်ပွား တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

၃ ဇွန်

 

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ် မြို့လယ်တွင် ယမန်နေ့က အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ ထိုဗုံးဖောက်ခွဲသူ တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။

 

Wazir Akbar Khan ဗလီကျောင်းရှိ ကိုယ်လက်သန့်စင်ခန်းအတွင်း အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Tariq Arian က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆိုပါ ဗုံးဖောက်ခွဲမှုကြောင့် သံရုံး အဆောက်အအုံများ စုဝေးရာ Wazir Akbar Khan ရပ်ကွက်ရှိ ဗလီကျောင်း အဆောက်အဦ အပြင်ဘက် အခန်း ပျက်စီးသွားခဲ့သည်။

 

၎င်းအသေခံဗုံး ဖောက်ခွဲမှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့ကမျှ ဝန်ခံပြောဆိုခြင်း မရှိသေးပေ။

 

ပြီးခဲ့သည့်လအတွင်း ကဘူးလ်မြို့တော်တွင် ဗုံး ပေါက်ကွဲမှု နောက်ဆုံးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို