အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင်  မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား အရပ်သား ၁၀ ဦးသေဆုံး

၁၇ ဒီဇင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ခို့ပြည်နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ကလေးငယ်သုံးဦး အပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

 

အာလီ ရှာ ခရိုင်တွင် ဒေသစံတော်ချိန် မနက် ၅ နာရီက မော်တော်ယာဉ်တစ်စီး မောင်းနှင်နေစဉ် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ထိုမော်တော်ယာဉ် ပျက်စီးသွားကာ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟိုင်ဒါ အာဒယ်လ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများတွင် ကလေးငယ်သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်ပြီး ယင်းထိခိုက်သေဆုံးသူများ၏ ဆွေမျိုးများထံ အသိပေးပြောကြားရန် ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ကြိုးစားနေကြသည်ဟု ၎င်းက ဆိုသည်။

 

တာလီဘန်စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားကာ လမ်းဘေးဗုံးများနှင့် မြေမြှုပ်ဗုံးများ ပြုလုပ်ရန် လက်လုပ်ဗုံးများ အသုံးပြုနေသော်လည်း အရပ်သားများအပေါ်  ထိခိုက်နစ်နာစေခဲ့သည်။

 

၂၀ဝ၉ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် အရပ်သား ၃၂၆၀ဝ ကျော် သေဆုံးခဲ့ပြီး ၆၀၇၀ဝ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့ ၏ ကိန်းဂဏန်းဖော်ပြချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို