အားနည်းချက်က တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့လုံး မပါသေးတာ တော်တော်စိတ်မကောင်းစရာပါ

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

နိုင်အောင်မငေး (မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်) က “ NCA ထိုးပြီးရင် NCA ရဲ့ နောက်ဆက်တွဲအနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါ အမျိုးသားအဆင့် ဆွေးနွေးပွဲကို ထဲထဲဝင်ဝင်လုပ်မယ်။ သေသေချာချာ လုပ်မယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို သေသေချာချာ တက်ရောက်ပါမယ်။ အားနည်းချက် အားသာချက်ဆိုတာရှိပါတယ်။ ဥပမာ အားနည်းချက်က တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့လုံး မပါသေးတာ တော်တော်စိတ်မကောင်းစရာပါ။

အားသာချက်ကတော့  NCA လက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို ထဲထဲဝင်ဝင် ပါဝင်လာနိုင်ပြီး ဆွေးနွေးနိုင်မှာပါ။ ငြိမ်းချမ်းရေးလမ်းစဉ် ကောင်းအောင် မွန်ပြည်သစ်ပါတီတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကျန်တဲ့ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေ၊ အတတ်ပညာရှင်၊ အသိပညာရှင်တွေ စုစည်းလုပ်မှသာလျှင် ကောင်းမွန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

MDN