အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပ

နေပြည်တော်၊ ဧပြီ ၁၃

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ၏ ပျော်ပျော်ရွှင်ရွှင်ရေပက်ကစားခြင်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြ ဖျော်ဖြေခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲအသီးသီးမှ ဧည့်ခံကျွေးမွေး သည့် မြန်မာ့ရိုးရာအစားအစာများကို ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ အားကစားသမားများနှင့်အတူ စားသောက်ပြီး ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ဌာနခွဲများမှ ဝန်ထမ်းများက ယိမ်းအဖွဲ့များ၊ မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ သင်္ကြန်အကများ၊ Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများက ဖျော်ဖြေရေးအဖွဲ့များကို ဆုကြေးငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အကြိုနေ့)ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)