အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နေပြည်တော်မှ ထွက်ခွာ

နေပြည်တော် ဇူလိုင် ၁

 

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းသည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသည်။ ဧည့်သည်တော်အဖွဲ့ကို  နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး ဦးအောင်စိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝဏ္ဏဟန်နှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်တို့က နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

(သတင်းစဉ်)