(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်

ရန်ကုန် မေ  ၁

၂၀၂၄ ခုနှစ်၊ မေ ၅ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတို့မှ သွေးလှူရှင် တပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်တို့က ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြရာ  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ခရိုင်မီးသတ် ဦးစီးမှူးများနှင့် မြို့နယ်မီးသတ် ဦးစီးမှူးများက ကြည့်ရှုအားပေးကြပြီး ခွန့်အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်သည်။

အလားတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ  သက်ဆိုင်ရာတိုင်း‌ဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသရှိ သာသနိကအဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတို့ တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘိုးဘွားရိပ်သာများသို့ ငွေကြေးလှူဒါန်းခြင်း၊ သွေးလှူဘဏ်များနှင့် ဆေးရုံတို့တွင် စုပေါင်းသွေးလှူဒါန်းခြင်း စသည့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကိုလည်း ယနေ့တွင် တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်အင်အား ၄၀၀ ဦးတို့က ဆေးရုံကြီးဝင်း အတွင်း၌ သစ်ကိုင်းများခုတ်ထွင်ခြင်း၊ အမှိုက်များသိမ်းဆည်းခြင်း၊ ရေမြောင်းများ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် လှုမှုအထောက်အကူပြုလုပ်ငန်းများကို စုပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- မီးသတ်ဦးစီးဌာန

ညိမ်းသူ(သတင်းစဉ်)