(၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စွယ်တော်မြတ်စေတီတော်၌ သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်၊ မေ ၂

 

၂၀၂၂ ခုနှစ်၊ မေ ၅ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် စွယ်တော်မြတ်စေတီတော်ဝင်းအတွင်း၌ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဆောင်သောအဖွဲ့သည် သန့်ရှင်းရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စွယ်တော်မြတ်စေတီတော်ဝင်းအတွင်း၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၄၀၀)တို့က စွယ်တော်မြတ် ရုပ်ပွားတော်မြတ်ကြီးအား ရေသပ္ပယ်ခြင်း၊ ဂန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရောင်ခြည်တော်ဖွင့်ခြင်း၊ စေတီတော်ရင်ပြင်တော်နှင့် သာသနိကအဆောင်အဦများအား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သာသနာ့နယ်မြေအတွင်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နားနေနိုင်ရန် အမှိုက်နှင့် ခြုံနွယ်များရှင်းလင်းခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ရာ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြတ်သူနှင့် တာဝန်ရှိသူတို့က အာဟာပြည့်ရအစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ - ကနူး

ညိမ်းသူ (သတင်းစဉ်)