(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ မိုးကောင်း၌ ကျင်းပ

မိုးကောင်း ၂ ဇန်နဝါရီ

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျရောက်မည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် ၂၀ နှစ်နှင့်အောက် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ အားကစားကွင်းတွင် ကျင်းပသည်။

 

အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် မိုးကောင်းမြို့ပေါ်ရပ်ကွက်အသီးသီးမှ ဖူဆယ်ဘောလုံး အားကစားအသင်း ၈ သင်းက ဇန်နဝါရီ ၃ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများအား ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဆုများ အသီးသီးပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)