၄ နှစ် နှင့် ၅ နှစ် ကလေးငယ်များအတွက် အစားအသောက်နှင့် အာဟာရ

ကလေးတွေဟာ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေစားရတဲ့အခါမှာ ပိုပြီးနေကောင်းကြပါတယ်။ မူကြိုနဲ့ သူငယ်တန်းအရွယ်တွေမှာ သင့်ရဲ့ကလေးဟာ အခြားသော မိသားစုဝင်တွေစားတဲ့ အစာအတိုင်း စားသင့်နေပါပြီ။ သင့်ရဲ့တာဝန်ကတော့ ကလေးအတွက် ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ အာဟာရ ပြည့်ဝတဲ့အစာတွေကို ဖန်တီးဖို့နဲ့ စားချိန်မှန်အောင် အချိန်တစ်ခု သတ်မှတ်ပေးဖို့ပါပဲ။ သင့်ကလေးတွေဟာ သူတို့ဆာ၊မဆာဆိုတာနဲ့ ရလာတဲ့ခွဲတမ်းကို ဘယ်လောက်များများစားမလဲဆိုတာကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။

 

မူကြိုကလေးလေးက ဘာတွေစားသင့်တာလဲ။

 

သင့်ရဲ့ကလေးဟာ သူတို့ကိုယ်တိုင်စားတတ်နေပြီး အစားအစာအမျိုးမျိုးကိုလည်း စမ်းသပ်စားသုံး ကြည့်နိုင်ပါပြီ။ သင်က သူတို့အတွက် ရွေးချယ်စရာအမျိုးမျိုးပေးသင့်သလို ပုံစံအသစ်၊ အရောင်သစ်နဲ့ အရသာအသစ်တွေကိုလည်း ဖန်တီးေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေ ပျော်ရွှင်ဖို့အတွက် စားစရာတွေကို ဆွဲဆောင်မှုရှိအောင် ဖန်တီးပေးပါ။ ကလေးတွေဟာ အောက်ပါ အစာအုပ်စုတွေကို စုံအောင် စားဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီအစာအုပ်စုတွေကတော့ အနှံ၊ အသီးအရွက်၊ အသီးအနှံ၊ နို့နဲ့ အသားတွေပါ။

 

မူကြိုကလေးအရွယ်ဟာ ဘယ်လောက်များများ စားသင့်သလဲ။

 

သူတို့ဘာကိုစားမလဲ၊ ဘယ်လောက်စားမလဲဆိုတာ သင့်ကလေးတွေကို ကိုယ်တိုင် ဆုံးဖြတ်ခိုင်းလိုက်ပါ။ တစ်ရက်ပြီးတစ်ရက် တစ်မျိုးပြီးတစ်မျိုး စားရင်းနဲ့ အကြိုက်တ ွေပြောင်းသွားတာက ပုံမှန်ပါပဲ။ စိတ်ထဲထည့်ထားရမှာတစ်ခုက သင့်ကလေးတွေက သူတို့ပန်းကန်ကို သူတို့ကိုယ်တိုင်ဆေးကြောနေဖို့တော့ မလိုသေးပါဘူး။

အောက်ပါဇယားက သင့်ကလေးတစ်ရက်ကိုဘယ်လောက်စားသင့်သလဲဆိုတာ သင်သိသွားစေဖို့ ကူညီပေးနိုင်ပါတယ်။

 

အနှံအုပ်စု– တစ်ရက်ကို အနည်းဆုံး ၆မျိုး

 

ပေါင်မုန့်တစ်ချပ်

 

Crackers မုန့် ၄ခုမှ ၆ခု

 

ထမင်း၊ ပါစတာ သို့မဟုတ် cereal ပန်းကန်ဝက်

 

ပေါင်မုန့်လုံး၊ muffin သို့မဟုတ် bagel (ပေါင်မုန့်ကွင်း) တစ်ဝက်

 

အသီးအနှံနဲ့ အသီးအရွက်အုပ်စု – တစ်ရက်မှာအနည်းဆုံး ၅မျိုး

 

စည်သွပ်ထားတာ သို့မဟုတ် ပိုင်းဖြတ်ထားတဲ့အသီးစိမ်းတွေနဲ့ ချက်ပြီးသား ပန်းကန်ဝက်

 

အသီးသေးသေး သို့မဟုတ် ဟင်းသီးဟင်းရွက် တစ်ဝက်

 

ဖျော်ရည် ခွက်တစ်ဝက်

 

နို့အုပ်စု – တစ်ရက်မှာ အနည်းဆုံး ၃ကြိမ်

 

ဒိန်ချဉ် သို့မဟုတ် နို့ ခွက်ရဲ့ ၄ပုံ ၃ပုံ

 

ချိစ် ၂၁.၃ ဂရမ်

 

အသားအုပ်စု-တစ်ရက်မှာ ၂ကြိမ်

 

အဆီထုတ်ထားတဲ့အသား၊ကြက်၊ငါး စားပွဲဇွန်း ၁ဇွန်းမှ ၃ဇွန်း

 

ပဲအမျိုးမျိုး စားပွဲဇွန်း ၄ဇွန်းမှ ၅ဇွန်း

 

ကြက်ဥတစ်လုံး

 

အဆီ တစ်ရက်ကို ၃ကြိမ်မှ ၄ကြိမ်

 

မာဂျရင်း၊ ထောပတ်နဲ့ အဆီများ လက်ဖက်ရည်ဇွန်းတစ်ဇွန်း

 

အစာနင်ခြင်း၊အသက်ရှူကြပ်ခြင်းကိုဖြစ်စေနိုင်တဲ့ အစားအစာတွေ ဥပမာ- ချော်ဝင်သွားနိုင်တဲ့ အစာတွေ (စပျစ်သီးလုံး၊ အသားစ ကြီးကြီး၊ ငုံးဥ ဟော့ဒေါ့စ်တွေနဲ့ ချိုချဉ်တွေ)၊ သေးငယ် မာကျောတဲ့ အစာတွေ (အခွံမာသီး၊ အစေ့များ၊ ပေါက်ပေါက်၊ အာလူးကြော်) ကပ်စေးတဲ့အစာတွေ (မြေပဲထောပတ် နဲ့ Marshmallows ) စတာတွေကို သတိထားဖို့လည်းအရေးကြီးပါတယ်။

 

စားစရာတွေကို သေးသေးလေးတွေဖြစ်အောင် ပိုင်းဖြတ်ပြီးကျွေးပါ။ ကျွေးနေစဉ် တစ်လျှောက်လုံးမှာလဲ မျက်ခြေမပြတ်စောင့်ကြည့်ပါ။ သင့်ကလေးတွေဟာ အချို့သော စားစရာတွေနဲ့ ဓာတ်မတည့်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ နို့၊ ကြက်ဥ၊ မြေပဲနဲ့ အခြားသော အခွံမာသီးတွေ၊ ပဲပုပ်၊ ဂျုံ၊ ငါးနဲ့ ပင်လယ်စာ (shellfish) စတာတွေပါ။

 

တကယ်လို့ ကလေးက အစားရွေးတယ်ဆိုရင် ဘာလုပ်ရမလဲ။

 

• စားစရာအမျိုးမျိုးကို တစ်ကြိမ်ပြီးတစ်ကြိမ်ပြောင်းကျွေးကြည့်ပါ။ ပြီးတော့ စားစရာသစ်တစ်မျိုးကို သူလက်မခံခင် ၁၀ကြိမ်နဲ့အထက် စမ်းကျွေးကြည့်ဖို့မမေ့ပါနဲ့။ သင့်ကလေးက ဗိုက်ဆာလွန်းမက ဆာပြီး အစာစစားရတဲ့အချိန်မှာ အစာသစ်တစ်မျိုးကို စကျွေးကြည့်ပါ။

 

• သူကြိုက်မယ်လို့ သင်သေချာသိနေတဲ့ စားစရာတစ်မျိုးကိုပေးပါ။ ဒါပေမယ့် အခြားသော မိသားစုဝင်တွေစားတဲ့ တူညီတဲ့စားစရာတွေကိုပဲ စားဖို့ တိုက်တွန်းပါ။

 

• စားစရာတွေကို ရိုးရှင်းပြီးမှတ်မိလွယ်အောင် ပြုလုပ်ပါ။

 

• တစ်ခါတလေမှာ ကလေးတွေဟာအစာတစ်မျိုးတည်း စားဖို့ ငြင်းဆန်တတ်ကြပါတယ်။ ဒါဟာ အန္တရာယ်မရှိတဲ့ကိစ္စဖြစ်ပြီး လုံးဝပုံမှန်ပါပဲ။ သူတို့ငြင်းဆန်နေတဲ့အရာတွေကလွဲပြီး အခြားသော စားစရာအမျိုးမျိုးကိုလည်း သင်ကကျွေးနိုင်ပါသေးတယ်။ ဒါပေမယ့် သင့်ကလေးက အထက်ဖော်ပြပါ အုပ်စုတွေထဲက အစာတွေအားလုံးကို ရက်သတ္တ၂ပတ်နဲ့အထက် ငြင်းဆန်နေပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။

 

• ကလေးကို သူမကြိုက်တဲ့အစာတွေအတင်းကျွေးတာမျိုး မလုပ်ပါနဲ့။ သူတို့အတွက် ရွေးချယ်စရာတွေများများထားပေးပါ။ ဒါမှသာ သူကြိုက်ရာကို သူရွေးချယ်နိုင်မှာ မဟုတ်လား။

 

ကလေးက အလေးချိန်အရမ်းတိုးလာရင် ဘယ်လိုလုပ်ကြမလဲ။

 

• ပထမဆုံးအနေနဲ့ကတော့ သင့်ကလေးရဲ့ အလေးချိန်ဟာ အလွန်ပဲများနေတာ ဟုတ်သလား မဟုတ်ဘူးလားဆိုတာ အာဟာရပညာရှင် ဒါမှမဟုတ် ဆရာဝန်နဲ့တိုင်ပင်ပါ။ ပြီးတော့ ကြီးထွားနှုန်းတည်ငြိမ်သွားတဲ့အချိန် မရောက်မချင်း ကလေးက ဝိတ်တက်လာမယ်ဆိုတာကို မမေ့ပါနဲ့။ ဝိတ်အများကြီးတိုးတာကို ကာကွယ်နိုင်ဖို့ အချက်အနည်းငယ်တော့ရှိပါတယ်။

 

• အချိန်စာရင်းဆွဲထားတဲ့တိုင်း စားစရာတွေနဲ့သွားရည်စာတွေကို မကြာခဏစားပါ။ ဒါတွေက သင့်ကလေးကို အဆာလွန်ခြင်းမှ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ အဆာလွန်နေပြီဆိုရင်တော့ လိုအပ်တာထက် ပိုစားမိဖို့ အသေအချာပါပဲ။

 

• သင့်ကလေး ၂နှစ်ပြည့်ပြီးသွားတဲ့နောက် သင်က အဆီနည်းတဲ့အစာတွေကို စကျွေးနိုင်ပါပြီ (အဆီနည်းနို့၊ အဆီနည်းချိစ် နဲ့ အဆီထုတ်အသားတွေပေါ့)

 

• လှုပ်ရှားမှုများများလုပ်ပါ။

 

• အစာစားတဲ့အခါမှာ ကလေးအတွက် ပုံမှန်ထက်ပိုနည်းတဲ့ ဝေစုကိုသာပေးပါ။

 

 

ရေးသားသူ Wathun Myat Chal ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်