(၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် မြို့နယ်အဆင့် စာအောင်ဆုနှင်းသဘင် ကျင်းပ

သထုံ   ဇန်နဝါရီ   ၅

 

မွန်ပြည်နယ်၊ သထုံမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA) အသင်းကြီးမှ ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့သည့် (၃၈)မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် မြို့နယ်အဆင့် စာမေးပွဲ စာအောင်ဆုနှင်းသဘင်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ရက်က နောင်ကုလားရွာကြီးကျေးရွာ၊ ဘုရားလေး ပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တက်ရောက်လာသူများက ဆရာတော်၊ သံဃာတော်များထံမှ တရားတော်များ နာယူခဲ့ကြပြီး နောင်ကုလားရွာကြီး ဘုရားလေးပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) အသင်းကြီးမှ တာဝန်ရှိသူများ၊ အလှူရှင်များက ဂုဏ်ထူး အထူးအောင်သူများ၊ ဂုဏ်ထူးအောင်နှင့် ရိုးရိုးအောင်သူများတို့အား ဂုဏ်ပြုဆုနှင့် စာအောင်လက်မှတ်တို့ကို ချီးမြှင့် ပေးအပ်ကြသည်။

 

အဆိုပါ စာမေးပွဲကို သထုံမြို့နယ်အတွင်းရှိ စာဖြေဌာနများတွင် ဒီဇင်ဘာ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဂုဏ်ထူး အထူးဖြင့်အောင်မြင်သူ ၁၀ ဦး၊ ဂုဏ်ထူးအောင် ၅၅ ဦးနှင့် ရိုးရိုးအောင် ၁၇ ဦး စုစုပေါင်း ဖြေဆိုအောင်မြင်သူ ၈၂ ဦးရှိကြောင်း သိရသည်။

 

 

ခရိုင်(ပြန်/ဆက်)