နေပြည်တော်၊ ဩဂုတ် ၁၀
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင်သည့် ကာလေန ဓမ္မဿဝနံ (သင့်လျော်သောအခါ တရားတော် နာကြားခြင်း) အစီအစဉ်ကို ဩဂုတ် ၁၃ ရက် စနေနေ့ ည ၉ နာရီတွင် ဆက်လက်ပြသမည်ဖြစ်သည်။
ယင်းတင်ဆက်မှုကို ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ရွှေဘုန်းကံ၊ ရန်ရှင်းမောင်၊ ထက်မြတ်အောင်၊ ပန်းကဗျာ၊ ဖူးပွင့်ရွှေရည်လှိုင်၊ ဓါတ်လင်း၊ ဒိုးဇက်နှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ထို့အပြင် ဩဂုတ် ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ သတင်းအပြီး၌ ယင်းအစီအစဉ်ကို ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်