၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို စင်ကာပူ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ဧပြီ ၂၄

ဧပြီ ၂၅ မှ ၂၈ ရက်နေ့အထိ ကျင်းပမယ့် ၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စင်ကာပူနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း ဒီကနေ့ စင်ကာပူဝန်ကြီးချုပ်ရုံးကထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

၂၀၁၈ ခုနှစ်အတွင်း အာဆီယံခေါင်းဆောင်များ ပထမဆုံးအကြိမ် ဆုံတွေ့တာဖြစ်ပါတယ်။  အစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ် စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းက ဆောင်ရွက်မှာဖြစ်ပါတယ်။

ဆက်စပ်အစည်းအဝေးတွေဖြစ်တဲ့ ၁၆ ကြိမ်မြောက် အာဆီယံ စီးပွားရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးနှင့် ၁၇ ကြိမ်မြောက် အာဆီယံ နိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်း ကောင်စီအစည်းအဝေး နှစ်ခုမှာတော့ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး လင်မ်ဟန်ဂျ်ကျန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံများ၏ ကြံခိုင်မှုနှင့် ဆန်းသစ်တီထွင်မှုများ ခိုင်မာအားကောင်းလာစေရေး ဦးတည်ဆွေးနွေးသွားမှာဖြစ်တဲ့အပြင် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခွင့်အလမ်းနှင့် စိန်ခေါ်မှုတွေ၊ အာဆီယံအနေနဲ့ ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်များ ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒေသတွင်း၊ နိုင်ငံတကာရေးရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဘာသာပြန် > မိုးမမ

ကိုးကား > ဆင်ဟွာ