(၂၃) ကြိမ်မြောက် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန်ဘွဲ့နှင်းသဘင် လျှောက်လွှာ ခေါ်ယူ

ရန်ကုန် ၂၂ ဒီဇင်ဘာ

 

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ရန်ကုန်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး အစမ်းလေ့ကျင့်ခြင်းများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီတွင်လည်းကောင်း၊ ဘွဲနှင်းသဘင် အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီတွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘွဲ့နှင်းသဘင်သို့ ၂၀၁၇ ခုနှစ်၊ ဇွန်လနှင့် ဒီဇင်ဘာလများတွင် ကျင်းပစစ်ဆေးခဲ့သည့် ဒုတိယနှစ် ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ရ စာမေးပွဲအောင်မြင်ပြီးသူများ၊ ၂၀၁၇-ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ကျင်းပစစ်ဆေးခဲ့သည့် စတုတ္တနှစ် ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ရ စာမေးပွဲ အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တက္ကသိုလ် တယ်လီဖုန်းနံပါတ် အမှတ် ၆၇၅၇၅၃၊ ၆၄၅၇၄၆၊ ၆၄၅၇၄၄၊ ၆၄၅၇၄၅ နှင့် www.umty.gov.mm သို့ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

MDN